အင်ဒိုနီးရှားဂူတစ်ခုအတွင်းမှ ဆူနာမီ မှတ်တမ်းတစ်ခုကို အံ့ဩဖွယ်တွေ့ရှိရ

ပို့စ်တင်ချိန် - 12/21/2013 01:40:00 PM


ဆူနာမီရေလှိုင်းအထောက်အထားများတွေ့ရသည့် အာချေးပြည်နယ်မှ လိုဏ်ဂူကြီး။ ဓာတ်ပုံ - အေအက်ဖ်ပီဆူနာမီရေလှိုင်းအထောက်အထားများတွေ့ရသည့် အာချေးပြည်နယ်မှ လိုဏ်ဂူကြီး။ ဓာတ်ပုံ – အေအက်ဖ်ပီ

လွန်ခဲ့သောနှစ်ပေါင်း ထောင်ပေါင်း များစွာက အိန္ဒိယသမုဒ္ဒရာအတွင်းငလျင်ကြောင့် ဖြစ်ပေါ်လာ
သော ဆူနာမီ ရေလှိုင်းကြီးများနှင့် စပ်လျဉ်းသော အံ့ဩဖွယ်မှတ်တမ်းတစ်ခုကို အင်ဒိုနီးရှားနိုင်ငံ
၏ ဆူမာတြာကျွန်းပေါ်ရှိ လိုဏ်ဂူကြီး တစ်ခုအတွင်းမှ ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း သိပ္ပံပညာ
ရှင်များက ဒီဇင်ဘာ လလယ်ပိုင်းက ပြောလိုက်သည်။

ဆူမာတြာကျွန်း အနောက်မြောက်ဘက်ရှိအဆိုပါ လိုဏ်ဂူအတွင်းတွေ့ ရှိခဲ့သော ဆူနာမီ ရေလှိုင်း
ကြီးများက သယ်ဆောင်လာသည့် အနယ်အနှစ်အလွှာထပ်များအရ အဖျက်အားကြီး မားသော
ဆူနာမီ ရေလှိုင်းကြီးများသည် အချိန်သတ်သတ်မှတ်မှတ်ခြား၍ ဖြစ် ပေါ်ခြင်းမျိုး မရှိဆိုခြင်းကို
သိရှိခဲ့ရ သည်။

ဆိုလိုရင်းမှာ ယင်းဒေသအတွင်း နေထိုင်ကြသူများသည် ဆူနာမီ ရေလှိုင်း ကြီး အန္တရာယ်အတွက်
အချိန်တိုင်းပင် အဆင်သင့်ဖြစ်နေရန် လိုအပ်သည် ဆိုသော အချက်ပင်ဖြစ်သည်။

“ဒါဟာ ဒေသခံပြည်သူတွေ သိထား ရမယ့်အချက်တစ်ခုပါပဲ”ဟု သုတေသန အဖွဲ့ခေါင်းဆောင်
ချားလ်စ်ရူဘင်က အေအက်ဖ်ပီကို ပြောကြားကာ ၎င်းတို့ အဖွဲ့သည် ကမ်းရိုးတန်းဒေသရှိ ဒေသခံ
လူထုအတွက် ဘေးကင်းလုံခြုံမှု တိုးမြှင့် သွားလိုကြောင်း ပြောကြားခဲ့သည်။

စင်ကာပူတက္ကသိုလ်တစ်ခုမှ ပါမောက္ခ ရူဘင်နှင့် အခြား သုတေသနပညာရှင် များသည် အင်ဒိုနီး
ရှားတက္ကသိုလ် တစ်ခုမှ သိပ္ပံပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်နေကြစဉ် အဆိုပါ လိုဏ်ဂူကို
တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

သုတေသနပညာရှင်များသည် ဂူ အတွင်းပိုင်း၌ လွန်ခဲ့သည့်နှစ် ထောင် ပေါင်းများစွာက ဆူနာမီ
ရေလှိုင်းကြီး များ၏ သယ်ဆောင် ရိုက်ပုတ်ရာမှ ဖြစ်ပေါ်လာသည့် သဲအနည်အနှစ်အလွှာ များ
ကိုတွေ့ရှိခဲ့ကြောင်း ရူဘင်က ဆို သည်။ ပင်လယ်ကြမ်းပြင်မှ ကျောက် ဖြစ်ရုပ်ကြွင်း အသေးစား
များ ပါဝင် သည့် အနည်အနှစ်အလွှာများကို သဘာဝအတိုင်း ကောင်းမွန်စွာထိန်း သိမ်းထားရှိ
ကာ ဂူအတွင်းရှိ လင်းနို့ အညစ်အကြေးများနှင့် သီးခြားစီ ခွဲခြား ထားကြောင်း ၎င်းကဆိုသည်။

“ဒါဟာ ခင်ဗျားတို့ဆီမှာ မကြာခဏ မတွေ့ရတဲ့ ဆူနာမီ ရေလှိုင်းကြီးတွေရဲ့ အံ့ဩဖွယ်မှတ်တမ်း
တစ်ခုပါ” ဟု ရူဘင် က ဆိုသည်။ ဆူနာမီ ရေလှိုင်းကြီးများသာလျှင် ၀င်ပေါက် မြင့်မားလျက်ရှိ
သော ဂူ အတွင်းသို့ ရောက်ရှိနိုင်သည်။ ထို့ပြင် နုန်းအနည်အနှစ်များကလည်း ဂူ အတွင်းပိုင်း
တိုက်စား ပျက်စီးခြင်းမရှိ စေရန် အကာအကွယ်ပေးထားသည်။

ယင်းအနည်ကျကျောက် အလွှာအချပ် များသည် လွန်ခဲ့သောနှစ်ပေါင်း ၂,၈၀၀ နှင့် ၃,၃၀၀
ကဖြစ်မည်ဟု ယူဆရ ကြောင်းနှင့် ယင်းကာလများအတွင်း ဆူနာမီရေလှိုင်းကြီးများ လေးကြိမ်မှ
ငါးကြိမ်အထိ ယင်းဒေသကြီးကိုရိုက် ခတ်ခဲ့ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက ခန့်မှန်း
ထားသည်ဟု ရူဘင် က ပြောသည်။

(အေအက်ဖ်ပီ)

Credit: mm times