မြန်မာအမျိုးသား ဘောလုံးအသင်းနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲကျင်းပ

ပို့စ်တင်ချိန် - 12/17/2013 12:24:00 PM


ရန်ကုန် ဒီဇင်ဘာ ၁၆

မြန်မာအမျိုးသားဘောလုံးအသင်း အုပ်စုနောက်ဆုံးပွဲစဉ်တွင် အင်ဒိုနီးရှား အမျိုးသားဘောလုံးအသင်း ကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ အမှတ်ချင်းတူ ဂိုးကွာခြားချက် အသာရခဲ့သော်လည်းံHead to Headံစည်းမျဉ်းအရ အုပ်စုပွဲစဉ်မှပင် ထွက် ခဲ့ရပြီးနောက် မြန်မာဘောလုံးအသင်း နည်းပြ ပတ်ဆောင်ဟွာက အဆိုပါံHead to Head စည်းမျဉ်းရှိကြောင်း ဘောလုံးပွဲအချိန် မိနစ် ၉၀ ရောက်မှ သာ အင်ဒိုနီးရှားအသင်းသားများ ပျော်ရွှင်နေသည်ကိုတွေ့မှ သိရ ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။

အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သည့် ပွဲတွင် ပတ်ဆောင်ဟွာသည် မြန်မာ ဘောလုံးအသင်း၌ အရန်ကစားသမား အများစုကိုသာ ထည့်သွင်းအသုံးပြု ခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ ရှုံးနိမ့်မှုနှင့် ပတ်သက်၍ ကျွန်တော်က ဆီမီးဖိုင်နယ်မှာရှုံးရင် ဘယ်အသင်း၊ နိုင်ရင် ဘယ်အသင်းဆိုတာကိုပဲ တွေးနေပြီး ဒီပွဲကို အပြည့်အဝ အာရုံမစိုက်ထားခဲ့ပါဘူး။ံHead to Head စည်းမျဉ်း ရှိတာကိုလည်း ဒီပွဲပြီးခါနီးမှ သိတာပါဒါကြောင့် ဒီရှုံးနိမ့်မှုဟာ ကျွန်တော်တစ်ယောက်တည်းသာ တာဝန်ရှိပါတယ် ဟု ကြေးမုံသတင်းစာမှ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

အဆိုပါHead to Head စည်းမျဉ်းအား အုပ်စုပွဲများ မကန်မီ ဟိုတယ်ရန်ကုန်၌ ပြုလုပ်ခဲ့သော ဘောလုံး အသင်းမန်နေဂျာများ အစည်းအဝေး၌ပင် ပွဲကြည့်ကြပ်သူများနှင့်အတူ ချမှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ မီဒီယာများတွင် ကြိုတင်ရေးသားခဲ့သလို မြန်မာဘောလုံးပရိသတ်အားလုံးလည်း ကြိုတင်သိရှိထားသည့် စည်းမျဉ်း ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံက နည်းပြ ပတ်ဆောင်ဟွာ သည် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအား လေးနှစ်ကျော် ကိုင်တွယ်ခဲ့ကြောင်းသိရသည်။

သတင်း-သီဟသူ
ဓာတ်ပုံ-ဌေးနိုင်
The Mirror Daily