ရွှေပြည်တော် မျှော်တိုင်းမဝေးရအောင်

ပို့စ်တင်ချိန် - 12/21/2013 08:30:00 AM

ယခုရက်ပိုင်း မည်သည့်နေရာကိုပဲရောက်ရောက် ငါတို့သိပ်လိုချင် တဲ့ ဘောလုံး ရွှေမရတော့ ဘူး။ ငါတို့နိုင်ငံကိုက ကံဆိုး တာပါ။ ဧည့်သည်အဖြစ် နဲ့ အနှိမ်ခံရတာတစ်မျိုး၊ အိမ်ရှင်ဖြစ်တော့လည်း ဒိုင် တွေရဲ့ ဘက်လိုက်မှုကတစ်ဖုံဆိုပြီး ထင်ကြေးအမျိုး မျိုးဖြင့် ပြောဆိုနေကြ သည်ကို နေရာ အတော်များ များတွင် ကြားနေရဆဲဖြစ်သည်။

သူတို့အားလုံး၏အသံသည် နိုင်ငံကိုကိုယ်စား ပြုနိုင်သည်ဟုမ ဆိုနိုင်သော် လည်း နိုင်ငံကိုကိုယ်စား ပြုသောအရာက သူတို့၏ရင်တွင်း တွင်သံမှိုစွဲ သလိုရှိ နေကြသည်။ တစ်ခေတ်တစ်ခါက အာရှအဆင့်မီ ရွှေ ထီးဆောင်းခဲ့ သည့် မြန်မာဘောလုံးအားကစားကို ဒီမို ကရေစီ ရေစီးကြောင်းနှင့် အတူ ပြန်လည်ရှင်သန်ခွင့်ကို လိုလားတောင့်တနေကြ သည်။

မြန်မာ အသင်းဆိုလျှင် လက်မှတ်တစ်စောင်ရရှိဖို့ ကျပ်၎ဝဝဝဝကိုလည်းမမှု၊ ၅၀၀၀၀ ဆိုလည်း ပေးကြည့်ဖို့ဝန်မလေးကြပေ။ မျိုး ဆက်သစ်လူငယ်များ၏ မျိုးချစ်စိတ်ရေချိန်ကို မြန်မာ ဘောလုံးပွဲများတွင် ပိုတွေ့ရလေ့ရှိသည်။ သူတို့သည် မဖြစ်နိုင်သည့်အရာကို တောင့်တနေကြခြင်းမဟုတ် ပေ။ တစ်ချိန်က ကမ္ဘာကပင် စောင့်ကြည့်ခဲ့ရသည့် မြန် မာဘောလုံးဇာတ်ခုံကို သူတို့ခေတ်တွင် အလွန်ပင်တွေ့ မြင်ချင်နေကြသည်။

ထိုခေတ်ကိုတမ်းတနေကြသည်။ မြန်မာဘောလုံး ရွှေထီးဆောင်းခဲ့သည့်အချိန်ကား ၁၉၆၄ဝန်းကျင်၊ တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်နေသည့် ဦးနေဝင်း လက်ထက်ဖြစ်သည်။ စီးပွားရေးက ထင်သ လောက်မကောင်း၊ သို့သော်ပါတီညီလာခံက ချမှတ်ခဲ့ သည့် မူဝါဒကောင်းတစ် ခုကြောင့် မြန်မာ သည် ကမ္ဘာ့ စောင့်ကြည့်ခံ နိုင်ငံများထဲက တစ်နိုင်ငံဖြစ်ခဲ့သည်။

ပါတီညီလာခံကချမှတ်ခဲ့သည့် လူမှုရေးမူဝါဒအရ တစ် မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး ကို ဦးတည်ခဲ့သည်။ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးဂွန်ရှိန်သည် ထိုမူဝါဒကိုမှန်မှန်ကန်ကန် အသုံးချပြီး မြန်မာအားကစားကို ကမ္ဘာ့ဇာတ်ခုံပေါ်သို့ တွန်းတင်ပေးနိုင်ခဲ့ သည်။

စနစ်ကောင်းတစ်ခုကို ရေ ရှည်အမြင်ဖြင့် စနစ်ကျကျ လုပ်ဆောင်နိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ဘောလုံးသမားတစ်ဦးဖြစ်ဖို့ ယခုခေတ်လောက် မလွယ် ကူ။ သို့သော် ယနေ့ခေတ် ကစားသမားတစ်ဦးကဲ့သို့လစာ မရ။ မြန်မာဘော လုံး လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ရန် လူဂုဏ်၊ ငွေ ဂုဏ်မလို ။ ခြေစွမ်း သာလို သည်။ ကစားသမားတစ်ဦး ကို ဆေးမြီးတိုသုံးပြီး ကွင်းထဲခေါ်သည့်စနစ်ကိုမကျင့် သုံးခဲ့ကြ။ နိုင်ငံ့ဂုဏ်ဆောင်မည့် အားကစားသမား ကောင်းတစ်ဦးကို ကျေးရွာ၊ မြို့နယ်မှတစ်ဆင့် တိုင်းနှင့် ပြည်နယ်၊ထိုမှတစ်ဆင့်အထက်မြန်မာပြည်၊ အောက် မြန်မာပြည်ယှဉ်ပြိုင်ပြီးမှ နိုင်ငံ့လက်ရွေးစင်ရွေးချယ်ခဲ့ သည့်စနစ်ကို ဦးနေဝင်းလက်ထက် တွင် အကောင်အ ထည်ဖော်နိုင်ခဲ့သည်။ နောက်ဆုံး ရပ်ကွက်၊ မြို့နယ် များတွင်ရှိသောတက်သစ်စအုံ့ပုန်းကစားသမားများကို ထောက်လှမ်းသည့်စနစ်၊ တက္ကသိုလ်များနှင့်သက်ဆိုင်ရာ မေဂျာအလိုက်၊ သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် ယှဉ် ပြိုင်ခဲ့ရသည့် စနစ်ကောင်းတစ်ခေတ်သည် စစ်အစိုးရ ရှင်သန်လာမှုနှင့် အတူသေဆုံးခဲ့ရသည်။ စစ်အစိုးရ ရှင်သန်လာမှုနှင့်အတူ အမြစ်ပါမကျန်ဆွဲနုတ်ခံလိုက် ရသည့် မြန်မာ့အားကစားတစ်ခေတ်ကို ထလော့ မြန် မာ၊ မြန်မာထလော့ဆိုပြီး အော်ဆိုညည်းတွားရုံဖြင့် ထလာနိုင်မည်မဟုတ်ပေ။ သန်း ၆၀ သောပြည်သူများ လိုလားတောင့်တနေ သည့် ရွှေဘောလုံးတစ်ခေတ်ကို အမှန်ရောက်ရှိလိုလျှင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကကျင့်သုံးခဲ့သည့် မူဝါဒကို ရေရှည် အမြင် ဖြင့် ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်သည်။

စစ်အစိုးရလက်ထက်တွင် ဆင်းရဲတွင်းနက်ခဲ့သည့် ပြည်သူများနှင့် အတူ မြန်မာ့ဘောလုံးပြယုဂ် သည်လည်း ဟန်သာရှိ အဆံမရှိသည့် အမြောက်တစ်လက်ပမာ ဖြစ်ခဲ့ရသည်။ မည်သို့ပင်ဆိုစေ (၂၇)ကြိမ်မြောက် ဆီး ဂိမ်းဘောလုံးအားကစားက ပေးခဲ့သည့် သင်ခန်းစာ သည် လက်ရှိအားကစားဝန်ကြီးဌာနနှင့် မြန်မာဘော လုံးအဖွဲ့ချုပ်ပေါ်တွင် လုံးလုံးလျားလျား တာဝန်ကျ ရောက်နေပြီဖြစ်သည်။

ထိုတာဝန်ကို ကျေပွန်စွာထမ်း ဆောင်လိုလျှင် ယခင်ခေတ်က ကျင့်သုံးခဲ့ သည့် မူ ဝါဒ၊ မြန်မာဘောလုံးလောက ထွန်းတောက်လာရန် ရပ်ကွက်ကျေး ရွာ၊ မြို့နယ်မှသည် တိုင်းနှင့်ပြည်နယ် ဘောလုံးပွဲများကို ပြန်လည် အကောင်အထည်ဖော် ပေးရန်နှင့် သက်ဆိုင်ရာ မြို့နယ်များအသီးသီး တွင် ပျောက်ဆုံးသွားပြီဖြစ်သည့် ဘောလုံးကွင်းများပြန် လည်ဖော်ထုတ်ပေးရေး ကို အရေးတယူဆောင်ရွက် ရတော့မည်ဖြစ်သည်။

ယင်းကဲ့သို့ အရေးတယူဆောင် ရွက်ရမည့် စီမံချက်များကို အမျိုးသားရေး မူဝါဒတစ် ရပ်အဖြစ် ဆောင်ရွက်နိုင်ခြင်းမရှိသေးသရွေ့ သန်း ၆၀ ကျော်သော ပြည်သူ များ မျှော်လင့်ချက်ဖြစ် သည့် မြန်မာ့အား ကစား ရွှေခေတ်တစ်ခေတ်ရောက်ရှိရေး မှာ နောင်နှစ် ၄၀ ကျော်တိုင်သော် လည်း ရွှေပြည် တော် မျှော်တိုင်းဝေးနေဦးမည်ဖြစ်ပါကြောင်း။

အယ်ဒီတာ

ဒီဇင်ဘာ ၁၉၊ ၂၀၁၃
Yangon Media Group