ချန်ပီယံလိဂ်သွင်းဂိုးစံချိန် ရော်နယ်ဒို ချိုးဖြတ်

ပို့စ်တင်ချိန် - 12/12/2013 08:59:00 AM



ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ကိုဗင်ဟေဂင်နှင့်ပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အုပ်စုပွဲစဉ်များအတွင်း သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ဒဏ်ရာပြဿနာကြောင့် ဂါလာတာစာရေးနှင့်ပွဲကို လွဲချော်ခဲ့ရသည့် ရော်နယ်ဒိုမှာ ယခင်ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်(၄)ပွဲတွင် (၈)ဂိုးသွင်းနိုင်ခဲ့သည့်အတွက် ခရက်စပို၊ အင်ဇာဂီ၊ နစ္စတယ်ရွိုင်း၊ အီဘရာဟီမိုဗစ်တို့နှင့် စံချိန်တူခဲ့ပြီး ကိုဗင်ဟေဂင်ကို (၀-၂)ဂိုးဖြင့် အနိုင်ရခဲ့ရာတွင် တစ်ဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် စုစုပေါင်း သွင်းဂိုး(၉)ဂိုးဖြင့် စံချိန်သစ်တင်နိုင်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် ရော်နယ်ဒိုအနေဖြင့် ဟက်ထရစ် ရယူနိုင်သည့် အခွင့်အရေးပိုင်ဆိုင်ခဲ့သော်လည်း တိုင်တစ်ကြိမ်ထိမှန်ခဲ့ပြီး ပွဲချိန်နှောင်းပိုင်း ပင်နယ်တီကိုလည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိသည့် အတွက် ဟက်ထရစ်ရခွင့် ဆုံးရှုံးခဲ့သည်။ သို့သော် ရော်နယ်ဒိုမှာ ချန်ပီယံလိဂ်ပွဲစဉ်(၉၆)ပွဲ ကစားရာတွင် (၅၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးစာရင်း တတိယနေရာ၌ ရပ်တည်နေသည်။