မြန်​မာ​နိုင်​ငံ​ရဲ့ ​နိုင်​ငံ​ရေး​၊ ​စီး​ပွား​ရေး​နဲ့ ​ငြိမ်း​ချမ်း​ရေး​မှာ ​ဂျ​ပန် ​အ​ကူ​အ​ညီ​ပေး​မည်

ပို့စ်တင်ချိန် - 12/16/2013 06:00:00 AM


မြန်​မာ​နိုင်​ငံ​မှာ ​အ​ကောင်​အ​ထည်​ဖော် ​ဆောင်​ရွက်​နေ​တဲ့ ​နိုင်​ငံ​ရေး​၊ ​စီ​ပွား​ရေး​နဲ့ ​ငြိမ်း​ချမ်း​ရေး ​ကိ​စ္စ​တွေ​ကို ​ဂျ​ပန်​နိုင်​ငံ​က ​အ​ကူ​အ​ညီ ​ပေး​သွား​မယ်​လို့ ​သ​မ္မ​တ ​ဦး​သိန်း​စိန်​က ​ပြော​ပါ​တယ်။

နှစ် ၄၀ ​ပြ​ည့် ​အာ​စီ​ယံ- ​ဂျ​ပန် ​ထိပ်​သီး​အ​စည်း​အဝေး ​နဲ့ ​ဂျ​ပန်- ​မဲ​ခေါင် ​အ​စည်း​အဝေး​ကို ​တက်​ရောက်​နေ​တဲ့ ​သ​မ္မ​တ ​ဦး​သိန်း​စိန်​ဟာ  ​ဒီ​ဇင်​ဘာ​လ ၁၅ ​ရက်​နေ့​မှာ ​လာ​အိုဝန်​ကြီး​ချုပ်၊  ​ဗီ​ယမ်​နမ် ၀န်​ကြီး​ချုပ်​နဲ့ ​ဂျ​ပန်​ဝန်​ကြီး​ချုပ် ​ရှင်​ဆို​အ​ဘေး​တို့​ကို ​တွေ​ဆုံ​စ​ဉ်​မှာ ​မြန်​မာ​နိုင်​ငံ​ရဲ့ ​နိုင်​ငံ​ရေး ​စီး​ပွား​ရေး ​က​ဏ္ဍ​တွေ ​အ​တွက် ​ဂျ​ပန်​က ​ကူ​ညီ​မယ့်​အ​ကြောင်း​ကို ​ကျေး​ဇူး​တင်​တယ်​လို့ ​သ​မ္မ​တ​က ​ပြော​ပါ​တယ်။

“​ဂျ​ပန်ဝန်​ကြီး​ချုပ်​က​လည်း ​မြန်​မာ​နိုင်​ငံ​ရဲ့ ​အ​ကောင်​အ​ထည်​ဖော်​ဆောင်​ရွက်​နေ​တဲ့ ​နိုင်​ငံ​ရေး ​စီး​ပွား​ရေး​နဲ့ ​ငြိမ်း​ချမ်း​ရေး ​ကိ​စ္စ​တွေ​မှာ ​အ​ကူ​အ​ညီ​ပေး​သွား​မယ်​လို့ ​ပြော​ပါ​တယ်။ ​ဒီ​အ​တွက်​လည်း​  ​မြန်​မာ​ပြည်​သူ​တွေ ​ကိုယ်​စား ​ကျေး​ဇူး​တင်​ပါ​တယ်။”

မြန်​မာ​နိုင်​ငံ​မှာ ​အ​ဓိ​က ​အ​ကောင်​အ​ထည်​ဖော်​နေ​တဲ့ ​သီ​လ၀ါ ​အ​ထူး​စီး​ပွား​ရေး​ဇုန်​မှာ  ​အ​ခြေ​ခံ ​အ​ဆောက်​အ​ဦ ​တည်​ဆောက်​ရေး​တွေ​နဲ့ ​မြန်​မာ​နိုင်​ငံ​ရဲ့ ​ပြည်​တွင်း​ငြိမ်း​ချမ်း​ရေး​တွေ​အ​တွက် ​အ​မေ​ရိ​ကန်​ဒေါ်​လာ ​သန်း ၆၀၀ ​နီး​ပါး ​ဂျ​ပန်​က ​ချေး​ပေး​မယ်​လို့ ​ဂျ​ပန်​က​လာ​တဲ့ ​သ​တင်း​တွေ​မျာ ​ဖော်​ပြ​ထား​ပါ​တယ်။

လက်​ရှိ ​သီ​လ၀ါ ​အ​ထူး​စီး​ပွား​ရေး​ဇုန်​မှာ ​ဂျ​ပန်​ကု​မ္ပ​ဏီ​တွေ ​ရင်း​နှီး​မြှုပ်​နှံ ​လုပ်​ကိုင်​နေ​ပြီး ​အ​ခြား​က​ဏ္ဍ​ပေါင်း​စုံ​မှာ ၀င်​ရောက်​ရင်း​နှီး​မြှုပ်​နှံ​ဖို့ ​လေ့​လာ​နေ​တဲ့ ​အ​ချိန်​လည်း ​ဖြစ်​ပါ​တယ်။

သ​မ္မ​တ ​ဦး​သိန်း​စိန်​ဟာ ​နှစ် ၄၀ ​ပြ​ည့် ​အာ​စီ​ယံ- ​ဂျ​ပန် ​ထိပ်​သီး​အ​စည်း​အဝေး ​နဲ့ ​ဂျ​ပန်- ​မဲ​ခေါင် ​အ​စည်း​အဝေး​ကို ​တက်​ရောက်​ပြီး ​ဂျ​ပန်​ဝန်​ကြီး​ချုပ် ​နဲ့ ​လည်း ​သီး​ခြား​တွေ့​ဆုံ​ခဲ့​ပါ ​သေး​တယ်။ ​မြန်​မာ​နိုင်​ငံ​အ​နေ​နဲ့ ​မဲ​ခေါင်-​ဂျ​ပန် ​ပူး​ပေါင်း ​ဆောင်​ရွက်​ရေး​မှာ ​အ​ကောင်​အ​ထည်​ဖော် ​ဆောင်​ရွက်​နိုင်​ဖို့​  ​အ​ပြ​ည့်​အ​ဝ ​ပူး​ပေါင်း ​သွား​မှာ ​ဖြစ်​ကြောင်း​လည်း ​သ​မ္မ​တ​က​ပြော​ခဲ့​ပါ​တယ်။

ဂျ​ပန်​အ​စိုး​ရ​က​တော့ ​အာ​ဆီ​ယံ ​ဒေ​သ​အ​တွင်း ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့ ​သ​ဘာ​ဝ​ဘေး​ဒဏ် ​ကာ​ကွယ်​ရေး​တွေ​အ​တွက် ၅ ​နှစ်​စီ​မံ​ကိန်း ​အ​မေ​ရိ​ကန်​ဒေါ်​လာ ၁၉  ​ဘီ​လီ​ယံ​ကျော်​ကို ​ကူ​ညီ​သွား​မယ်​လို့ ​ဒီ​ဇင်​ဘာ​လ ၁၄ ​ရက်​နေ့ ​ကျင်း​ပ​တဲ့ ​အာ​ဆီ​ယံ ​ဂျ​ပန်​ဆွေး​နွေး​ပွဲ​မှာ ​က​တိ​ပေး​သွား ​ပါ​သေး​တယ်။