အန်အယ်လ်ဒီ ဖွဲ့စည်းပုံအကြံပြုချက် လွှတ်တော်ကော်မတီကို ဒီဇင်ဘာ ၂၈ ပို့မည်

ပို့စ်တင်ချိန် - 12/26/2013 08:45:00 AM


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး အကြံပြုချက်တွေကို ဒီဇင်ဘာ ၂၈ ရက်မှာ လွှတ်တော်ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံ ပေးပို့သွားဖို့ရှိတယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ပြည်သူ့ဆန္ဒရယူပွဲတွေကို တနိုင်ငံလုံးအနှံ့ ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီအခမ်းအနားတွေက ရယူခဲ့တဲ့ ပြည်သူ့ဆန္ဒကို အခြေခံပြီး အကြံပြု တင်ပြသွားမှာ ဖြစ်ပါတယ်။

အဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပပြုလုပ်ဖို့ရှိပြီး အဲ့ဒီ အစည်းအဝေးမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဆုံးဖြတ်ကြဖို့ ရှိပါတယ်။
DVB Burmese