ထိုင်းနှင့် ပွဲတွင် ဒဏ်ရာရရှိခဲ့သော ကြည်လင်း ဆီးဂိမ်းပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိ

ပို့စ်တင်ချိန် - 12/17/2013 06:00:00 AM


၁၄-၁၂-၂၀၁၃ ရက်နေ့တွင် ထိုင်းအသင်းနှင့် ကစားသောပွဲ၌ မြန်မာ ကွင်းလယ် တောင်ပံကစားသမား ကြည်လင်း ဒဏ်ရာရရှိ ခဲ့သည်။ ကြည်လင်း၏ ဒဏ်ရာသည် ခြေချင်းဝတ် ဒဏ်ရာဟောင်းကို ထိခိုက်သွား ခြင်းဖြစ်ကြောင်း မြန်မာ အသင်း မီဒီယာတာဝန်ခံ ဦးမိုးဝေက ပြောသည်။
ကြည်လင်းသည့် ထိုင်းနှင့် ကန်သည့်ပွဲတွင် မိနစ် ၂၀ ကစားပြီး ချိန်တွင် ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်သည်။ အခုဒဏ်ရာ သက်သာရန် တစ်ပတ် ၁၀ ရက်လောက် အနားယူရန် လိုအပ်ပြီး ယနေ့ကစားမည့် အင်ဒိုနီးရှားနှင့် ပွဲတွင် သေချာပေါက် လွဲချော်မည် ဖြစ်ကြောင်း သိရှိရသည်။

Popular Myanmar News Journal