အမေရိကား တွင် နေထိုင် သော ကို ၀င်းမင်းထွတ် သည် မ သီတာမြင့် ကိုသတ်မှု နှင့် ဖမ်းဆီးထား

ပို့စ်တင်ချိန် - 12/19/2013 09:38:00 AM



Bethlehem, PA တွင် နေထိုင် သော ကို ၀င်းမင်းထွတ် အသက် ၃၇ နှစ် ဟာ အမျိုးသမီး ဖြစ်သူ မ သီတာမြင့် အသက် ၃၇ နှစ် ကို ကလေး သုံး ဦး ရှေ့ မှာ သေနပ်ဖြင့် ယင်းတို့ အိမ်ရှေ့ တွင်ပြစ် သတ်လိုက် ပါသည်။

အမျိုး သမီးကို သတ်အပြီး တွင် ကို ၀င်းမင်းထွတ် သည် သူ၏ သုံး နှစ် သမီး ငယ်ကို ကားပေါ် ခေါ်ထွက် သွားခဲ့ သည်။ သို့ သော်လည်း ရဲတပ် ဖွဲ့ဟာ ကို ၀င်းမင်းထွတ် နှင့် သမီး ငယ်ကို Allentown မြို့ မှ 7-11 ဆိုင်မှာ ဖမ်းဆီး ရမိသည်။ သမီးငယ် မှာဘာ ဒဏ်ရာမှ မတွေ့ ရှိပါ။

ကို ၀င်းမင်းထွတ် ကို အမျိုးသမီး ဖြစ်သူက ညင်းပန်း နှိပ်စက် မှုနှင့် တိုင်ကြား ထားသဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့ ကထဲက အိမ်ပြန် နေထိုင်ခွင့် မရှိ ခဲ့ပါဘူး ဟုသိရှိ ရပါသည်။ ရပ်ကွက် ထဲမှ အိမ်နီး နားချင်း များဟာ မယုံကြည် နိုင်ဖွယ် ဖြစ်နေ ကျပါ တယ်။ သတင်း ဌာနမှ မေးရာတွင် အိမ်နီးချင်း တွေကတော့ ကို ၀င်းမင်းထွတ် ၏ ကောင်းကြောင်း များသာ ပြောကြား ခဲ့ပါသည်။ ကို ၀င်းမင်းထွတ် ဟာ တရားဝင် သေနတ် ၀ယ်ထား တာ ဟုတ်သည် မဟုတ် သည်ကို မသေချာ သေးပါဘူး လို့ လဲ သတင်း ဌာနက ပြောကြား သွားခဲ့ ပါသည်။ ကလေးတွေ ဟာ အသက် ၁၆ နှစ် ၁၀ နှစ် နှင့် ၃ နှစ် တွေဖြစ် ကျပြီး လက်ရှိ ကာလ မှာတော့ အစိုးရ ကထမ်းသိမ်း ထားပါသည်။ ကို ၀င်းမင်းထွတ် ဟာ အမေရိကန် နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေး နေပါတယ် လို့ လဲ ရဲဌာနက ပြောကြား သွားပါသည်။

PA သတင်းဌာန
မြ၀တီ