ဂျန်နူဇက်ကို ဒိုင်တွေမကာကွယ်ပေးလို့ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန် လိုက်တဲ့ ဒေးဗစ်မိုရက်စ်

ပို့စ်တင်ချိန် - 12/16/2013 07:45:00 PM


ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်နေခဲ့တာ (၄)ပွဲဆက်လာခဲ့ပြီး (၅)ပွဲမြောက်အဖြစ် အက်စတွန်ဗီလာအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရာမှာတော့ မန်ယူအတွက် အနိုင်(၃)မှတ်ပြန်လည်ရရှိလာခဲ့ပြီဖြစ်ပါတယ်။ ပွဲချိန်(၁၅၊ ၁၈)မိနစ်တွေမှာ ဒန်နီဝဲလ်ဘတ်က (၂)ဂိုးသွင်းပေးခဲ့ပြီး ဒုတိယပိုင်း(၅၂)မိနစ်မှာ ၀ိန်းရူနီရဲ့ ဖန်တီး ပေးမှုကနေ တွမ်ကလီဘာလေက တတိယဂိုးသွင်းကာ (၃)ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ တောင်ပံက နေခြေစွမ်းပြသွားခဲ့တဲ့ လူငယ်ပါရမီရှင်လေး ဂျန်နူဇက်ဟာ ပွဲချိန်တစ်လျှောက် အက်စတွန်ဗီလာကစားသမားများ ရဲ့ ကြမ်းတမ်းစွာဖျက်ထုတ်မှုတွေကို ခံနေခဲ့ရတဲ့အတွက် ဒေးဗစ်မိုရက်စ်ကနေ ဒိုင်များဟာ သူ့ကစားသမားအပေါ် မှာ လိုအပ်တဲ့အကာအကွယ်မပေးနိုင်ခဲ့ကြဘူးလို့ ဝေဖန်ပြစ်တင်လာခဲ့ပါပြီ။

“ ပြီးခဲ့တဲ့ပွဲအတော်များများမှာ ဂျန်နူဇက်လေး ဘယ်လောက်ထိခံနေခဲ့ရသလဲဆိုတာ မမှတ်မိလောက်အောင်များ ပြားခဲ့တယ်။ ဒါကို ကျွန်တော်မကျေနပ်တာ။ အကူဒိုင်တွေလည်းပါတယ်။ ဒီလိုနဲ့ ချာတိတ်လေး ဒဏ်ရာတွေရနေ တော့မှာပဲ။ ဒိုင်တွေကမှ မကာကွယ်ကြတာ။ ဒါကိုခွင့်ပြုထားတာ မယုံနိုင်စရာပဲ။ တစ်ဦးတည်းကလုပ်နေတာမ ဟုတ်ဘူး။ တစ်ယောက်ပြီး တစ်ယောက်ကို ခပ်ကြမ်းကြမ်းကစားနေခဲ့တာ။ ဒိုင်တွေ စဉ်းစားကြရမယ့်အချိန်ဖြစ် နေပြီ။ သူတို့ကို ဒီအလုပ်ပေးထားတာ ကစားသမားတွေကို ကာကွယ်ဖို့။ ဒိုင်အလုပ်ကနေ ပိုက်ဆံရနေကြတာ။ သူတို့စိတ်ထဲမှာ ဒီကောင်လေးက ပြန်ထလာမှာပဲကွာ။ ရှောင်ထွက်သွားပါလိမ့်မယ်လို့ ထင်နေသလားမပြော တတ်ပါဘူး”လို့ မိုရက်စ်က ပြောခဲ့ပါတယ်။

Trend Myanmar