ယခုဘဏ္ဍာနှစ် ပထမ ၁၀ လအတွင်း ယူနန်-မြန်မာ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံရရှိခဲ့ကာ ယခင်ကာလတူထက် ရာခိုင်နှုန်း ၅၀ တိုးတက်လာကြောင်းသိရ

ပို့စ်တင်ချိန် - 12/07/2013 03:48:00 PM


၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပထမ ၁၀ လအတွင်း ယူနန်မြန်မာ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ ရရှိခဲ့ကာ ယခင်နှစ် ကာလတူထက် ရာခိုင်နှုန်း ၅၀ တိုးတက်လာကြောင်း ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ကောက်စုရှန်က ဒီဇင်ဘာ ၅ ရက်က ပြောကြားသည်။

''ဒီနှစ်ရဲ့ ပထမ ၁၀ လအတွင်းမှာ ယူနန်-မြန်မာ ကုန်သွယ်မှုဟာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ ရရှိပါတယ်။ ယခင်နှစ် ကာလတူထက် ကုန်သွယ်မှုဟာ ရာခိုင်နှုန်း ၅၀ တိုးတက်လာခဲ့ပါတယ်'' ဟု ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ကောက်စုရှန်က ဒီဇင်ဘာ ၅ ရက်က ရွှေလီမြို့ရှိ ကျင်းချင်ဟော်တယ်၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားသည်။

၂၀၁၃ ခုနှစ် (၁၃) ကြိမ်မြောက် တရုတ်- မြန်မာ ကုန်စည်ပြပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆၊ ၇၊ ၈ ရက်များတွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မူဆယ်နယ်စပ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ နယ်စပ်ကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း ၇၀ ဟာ တရုတ်-မြန်မာ နယ်စပ်က ဖြစ်ပါတယ်။ ဆက်လက်ပြီး ကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့ အတွက်...



အဆိုပါ ကုန်စည်ပြပွဲကို တက်ရောက်လာသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ရာ ဒီဇင်ဘာ ၅ ရက် ညနေပိုင်းတွင် ဒုတိယ၀န်ကြီးနှင့် အဖွဲ့သည် ယူနန်ပြည်နယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်စန်းက ''မြန်မာနိုင်ငံ အနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ကုန်သွယ်မှု ပြုရာမှာ မူဆယ်နယ်စပ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ နယ်စပ်ကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း ၇၀ ဟာ တရုတ်-မြန်မာ နယ်စပ်က ဖြစ်ပါတယ်။ ဆက်လက်ပြီး ကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့ အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့အတွက် လိုအပ်တဲ့ အစီမံတွေကိုလည်း နှစ်ဖက်တာဝန် ရှိသူတွေမှ ဆွေးနွေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

တရုတ်-မြန်မာ နယ်စပ်မှ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် ရရှိထားပြီး စုစုပေါင်း ကုန်သွယ်မှု၏ ၉၃ ရာခိုင်နှုန်းကျော်အား မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ပြုလုပ်ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဌာနမှ သိရသည်။
Eleven Media Group