အီးယူသို့ တင်ပို့ခဲ့သည့် အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ အကောက်ခွန် သက်သာခွင့်ရရှိ

ပို့စ်တင်ချိန် - 12/10/2013 10:45:00 PM


Created on Monday, 09 December 2013 23:59
ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများသို့ တင်ပို့ခဲ့သည့် အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ အကောက်ခွန် သက်သာခွင့် ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ တစ်ပတ်အတွင်း အီးယူနိုင်ငံများသို့ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများ အတွက် (GSP) အခွင့်အရေး ရရှိရန် မြန်မာနိုင်ငံမှ (GSP Form-A) ထုတ် ပေးမှုမှာ အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ဖိုးရှိ လက်ခစားစနစ်ဖြင့် ထုတ်လုပ်သည့် ပစ္စည်းများဖြစ်ကြောင်း သိရသည်။ ဂျာမနီနှင့် စပိန်သို့တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအတွက် (GSP Form-A) လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အီးယူနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် အီးယူမှပေးအပ်သည့် အကောက်ခွန်ဆိုင်ရာ တစ်ဖက်သတ် အခွင့်အရေးပေးသော စနစ် (GSP) ရရှိရန်အတွက် တင်ပို့သည့် နိုင်ငံ၏ သက်ဆိုင်ရာ အာဏာပိုင် ဌာနမှပင် ရင်းနိုင်ငံသက်သေခံ လက်မှတ်ကို ထုတ်ပေးရကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အီးယူမှပေးသည့် (GSP) အခွင့်အရေးပြန်လည် ရရှိပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်များ ထုတ်ပေးခဲ့ပြီး လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ ချုပ်ပြီးအ၀တ်အထည်၊ သစ်တောထွက် ကုန်များအတွက် အများဆုံး ထုတ်ပေးခဲ့ကြောင်း...



မြန်မာနိုင်ငံ အနေဖြင့် အီးယူမှပေးသည့် (GSP) အခွင့်အရေးပြန်လည် ရရှိပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်များ ထုတ်ပေးခဲ့ပြီး လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ ချုပ်ပြီးအ၀တ်အထည်၊ သစ်တောထွက် ကုန်များအတွက် အများဆုံး ထုတ်ပေးခဲ့ကြောင်း သိရသည်။ GSP အခွင့်အရေး ရရှိရန်အတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် တင်ပြရန် လိုအပ်ပြီး အီးယူသို့ တင်ပို့မှုများအတွက် (GSP Form-A) လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အီးယူမှပေးသည့် တစ်ဖက်သတ် အကောက်ခွန် သက်သာခွင့်ကို ယခင်ကတည်းက ရရှိခဲ့ဖူးပြီး ၁၉၉၇ ခုနှစ်တွင် အီးယူမှ ယာယီရုပ်သိမ်းခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ယင်းသက်သာခွင့်ကို ပြန်လည် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အီးယူ၊ ကိုရီးယား၊ အိန္ဒိယ စသည့်နိုင်ငံများမှ ပေးအပ်သည့် အကောက်ခွန်ဆိုင်ရာ ကင်းလွတ်ခွင့်များ ရရှိရန်အတွက် ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်များကို ထုတ်ပေးနေကြောင်း သိရသည်။ ထို့ပြင် လွတ်လပ်သော ကုန်သွယ်မှု ဒေသဆိုင်ရာ အပြန်အလှန် အကောက်ခွန် သက်သာခွင့်ရှိသည့် ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်များကိုလည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
eleven media group