အိန္ဒိယနဲ့ အမေရိကန် သံတမန်ရေး တင်းမာနေ

ပို့စ်တင်ချိန် - 12/18/2013 02:27:00 PM


အိန္ဒိယနိုင်ငံ ​သံတမန်တစ်ဦးကို ​အမေရိကန်က ​ဖမ်းဆီးထိန်းသိမ်းထားတာဟာ ​အိန္ဒိယနိုင်ငံအတွက် ​အရှက်ရစရာဖြစ်နေပြီး ​ဒီလို ​အရှက်ရစရာဖြစ်စေတဲ့အပေါ် ​အမေရိကန်အနေနဲ့ ​တောင်းပန်သင့်ကြောင်း ​အိန္ဒိယအစိုးရက ​ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံရှိ ​အိန္ဒိယသံရုံးက ​ဒုကောင်စစ်ဝန်ဖြစ်သူဟာ ​သူ့ရဲ့အိမ်အကူကို ​လုပ်အားခလစာ ​လျော့ပေးထားသလို ​အိန္ဒိယနိုင်ငံက ​အိမ်အကူအတွက် ​ပြည်ဝင်ခွင့်ဗီဇာ ​လျှောက်ထားရာမှာလည်း ​လိမ်လည်မှုတွေ ​လုပ်ခဲ့တယ်ဆိုပြီး ​အမေရိကန်က ​ဖမ်းဆီးလိုက်တာ ​ဖြစ်ပါတယ်။

သံတမန်တစ်ဦး ​ဖမ်းဆီးခံရတဲ့အပေါ်အိန္ဒိယက ​ဒေါသတကြီး ​တုန့်ပြန်ထားပြီး ​အမေရိကန် ​သံတမန်တွေ ​အိန္ဒိယနိုင်ငံထဲ ​မြန်ဆန်စွာဝင်ရောက်နိုင်အောင် ​လုပ်ဆောင်ပေးတဲ့ ​ဝန်ဆောင်မှု ​ရပ်တန့်လိုက်တာတွေ၊ ​သံရုံးကို ​ဝင်တဲ့ ​ပစ္စည်းတွေအပေါ် ​စစ်ဆေးမှု ​ရပ်တန့်လိုက်တဲ့အပြင် ​နယူးဒေလီမြို့ရှိ ​အမေရိကန်သံရုံးရှေ့မှာ ​ချထားတဲ့ ​လုံခြုံရေးအတားအဆီးတွေကိုပါ ​ဖယ်ရှားလိုက်ပြီ ​ဖြစ်ပါတယ်။

အမေရိကန် ​အစိုးရရဲ့ ​လုပ်ရပ်ကြောင့် ​အိန္ဒိယ ​အတွက် ​အရှက်ရစရာ ​ဖြစ်စေတဲ့အတွက် ​အိန္ဒိယနိုင်ငံကို ​တောင်းပန်သင့်တယ်လို့ ​အိန္ဒိယ ​အစိုးရက ​ပြောလိုက်ပါတယ်။
ABC Radio Australia