တောင်ပြိုမြို့နယ်ခွဲသို့ အိမ်ထောင်စု ၁၆ စု ရောက်ရှိ

ပို့စ်တင်ချိန် - 12/28/2013 10:45:00 AM


မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့နယ်ခွဲသို့ ဘင်္ဂလာဒေခ်ျ့မှ  ရခိုင်လူမျိုး အိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၆၆)ဦးပါ အုပ်စု တစ်စုသည် ယနေ့ နေ့လယ် ၁၂ နာရီတွင် ရောက်ရှိလာသည်ဟု သိရသည်။

၎င်းအဖွဲ့တွင် ကျောက်တော်မှ တဆင့် ၀င်လာသူများနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့မှ တဆင့် နတ်မြစ်ကို ဖြတ်ကျော်ပြီး မောင်တောသို့ ၀င်လာသူများ ပါဝင်သည်ဟု သိရသည်။

တောင်ပြိုမြို့နယ်ခွဲ ဘက်စုံလူမှုကူညီစောင့်ရှောက်ရေး အသင်းမှ ညနေစာထမင်းနှင့် အနွေးထည်အကျီများ ပေးဝေလှူဒါန်းခဲ့သည်ဟုသိရှိရပါသည်။

ဒုက္ခသည်များ အနေဖြင့် စောင်(၂)ထည်၊ အ၀တ်အထည်များ နှင့်လူသုံးကုန်ပစ္စည်းများ ရရှိခဲ့သော်လည်း ယခုအခါ ဆောင်းရာသီဖြစ်သဖြင့် ကောင်းမွန်သောနေအိမ်များတွင် နေထိုင်ရန် လိုအပ်သည်ဟု သိရှိရသည်။
Burmesenews narinjara