အ​ပြော​နဲ့​အ​လုပ် ​လွဲ​နေ​တဲ့ ​အုပ်​ချုပ်​ရေး ​ယ​န္တ​ရား

ပို့စ်တင်ချိန် - 12/16/2013 04:11:00 PM


မီး​စင်​ကြည့်​က​ပြီး​သွား​မယ့် ​ဒီ​မို​က​ရေ​စီ

သ​မ္မ​တ​ကြီး ​သိ​ပါ​စ …။ ​အမ်​ပီ​စီ​က ​သိ​ပါ​စ၊ ​ငြိမ်း​ချမ်း​ရေး​ဆို ​ထောင် ၇ ​လ …။

ဒီ​ဇင်​ဘာ ၅ ​ရက်​က ​ရန်​ကုန်​မြို့ ​လှိုင်​မြို့​နယ် ​တ​ရား​ရုံးေ​ရှ့​မှာ ​အ​မေ​အို​တ​ဦး ​လက်​ထဲ​ကိုင်​ထား​တဲ့ ​စာ​တမ်း​လေး​ပါ။

ဓာတ်​ပုံ​နဲ့ ​တင်​ထား​တာ​မို့ ​ကြည့်​ရင်း​နဲ့ ​စိတ်​ထိ​ခိုက်​သွား​မိ​ပါ​တယ်။
ဒီ​ရက်​ပိုင်း​မှာ ​ပုဒ်​မ ၁၈​တို့ ၅၀၅ (​ခ)​တို့​နဲ့ ​တ​ယောက်​ပြီး​တ​ယောက် ​တ​ဖွဲ့​ပြီး​တ​ဖွဲ့ ​ဆက်​တိုက် ​ဆို​သ​လို ​သ​တိ​မ​ထား​ဘဲ ​မ​နေ​နိုင်​လောက်​အောင်​ကို ​ထောင်​ချ​နေ​တာ ​တွေ့​ရ​ပါ​တယ်။

လိုင်​ဇာ ​လမ်း​လျှောက်​တဲ့ ​လူ​ငယ်​လေး​တွေ​ဆို ​ရန်​ကုန် ​ပြန်​ရောက်​တာ​တောင် ​ကြာ​ပါ​ပြီ။ ​အ​ခု​မှ ​ထောင်​ချ​ပါ​တယ်၊ ​မြို့​နယ် ​တ​မြို့​နယ် ၁ ​လ​နှုန်း​နဲ့ ၇ ​မြို့​နယ် ၇ ​လ ​ထောင်​ချ​ပါ​သ​တဲ့​။ ​ဒိုင်း​ခ​နဲ ​မေး​ခွန်း​တ​ခု​က ​ပေါ်​လာ​ပါ​တယ်။

ရန်​ကုန်​နဲ့ ​လိုင်​ဇာ​ကြား ​မြို့​နယ်​ပေါင်း​များ​စွာ ​ဖြတ်​သန်း​လျှောက်​ခဲ့​ကြ​တာ ​ဒီ ၇ ​မြို့​နယ်​က​ပဲ ​တ​ရား​စွဲ ​ထောင်​ချ​ပြီး ​ကျန်​တဲ့ ​မြို့​နယ်​ပေါင်း​များ​စွာ​က ​ဒီ​တိုင်း ​လက်​ပိုက်​ကြည့်​နေ​တာ​လား​၊ ​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ ​မြို့​နယ်​တွေ ​အ​များ​ကြီး ​ရှိ​နေ​လေ​သ​လား​၊ ​ဒီ​ပုံ၊ ​ဒီ​နည်း ​တ​ရား​စီ​ရင်​ရေး​နဲ့ ​ဒီ​လို ​အုပ်​ချုပ်​ရေး​ပုံ​စံ​တွေ​နဲ့ ​ဒီ​မို​က​ရေ​စီ​ကို ​ဘယ်​လို ​သွား​ကြ​မှာ​တုန်း​၊ ​ဒီ​လို​ပဲ ​မီး​စင်​ကြည့်​က​ပြီး ​သွား​တော့​မှာ​လား​။ ​မီး​က​လည်း ​မ​ကြာ​မ​ကြာ ​လာ​တာ​ဆို​တော့ ​မီး​စင်​ကြီး​အ​တွက် ​မီး​စက်​ကြီး​လည်း ​တ​ရုတ်​က ​မှာ​ထား​ဦး​မှ။ ​စိတ်​ပေါက်​ပေါက်​နဲ့ ​လျှောက်​တွေး​နေ​မိ​ပါ​တော့​တယ်။

မေး​ခွန်း​ထုတ်​စ​ရာ​တွေ​နဲ့ ​ပုဒ်​မ ၁၈

အ​ခု ​အ​စိုး​ရ​လက်​ထက် ​နာ​မည်​ကြီး​လာ​တဲ့ ​ပုဒ်​မ ၁၈ ​ဟာ ​မေး​ခွန်း​ထုတ်​စ​ရာ​တွေ ​အ​ပြည့်​နဲ့​ပါ။ “​တ​ကိုယ်​တော် ​အ​သံ​တိတ် ​ဆိုင်း​ဘုတ်​ကိုင် ​ဆ​န္ဒ​ပြ​တဲ့​သူ​လည်း ​တ​ရား​စွဲ​ခံ ​ရ​တယ်​ဗျာ၊ ​တ​ဦး​ထက်​ပို​မှ​သာ ​စီ​တန်း​လှည့်​လည်​ရာ ​မြောက်​မှာ​ပေါ့​။ ​တ​ဦး​ထက်​ပို​မှ​သာ ​စုဝေး​ရာ ​မြောက်​မှာ​ပေါ့​၊ ​တ​ဦး​ချင်း ​ဆ​န္ဒ​ပြ​တာ​ကို ​ဘာ​ဖြစ်​လို့ ​ပုဒ်​မ ၁၈ ​နဲ့ ​တ​ရား​စွဲ​ပြီး ​ထောင်​ချ​တာ​လဲ၊ ​ကျ​နော်​တော့ ​မ​စ​ဉ်း​စား​တတ်​ဘူး​ဗျာ” ​ရန်​ကုန်​မြို့​က ​တ​ရား​လွှတ်​တော်ေ​ရှ့​နေ​ကြီး ​ဦး​အောင်​သိန်း​ပြော​တဲ့ ​စ​ကား​တ​ခွန်း​ပါ။

ငြိမ်း​ချမ်း​စွာ​ဆို​တဲ့ ​အင်​မ​တန် ​တန်​ဖိုး​ရှိ​တဲ့ ​စ​ကား​လုံး​ဟာ ​ထောင်​ချ​ခံ​ရ​တဲ့ ​စ​ကား​လုံး​အ​ဖြစ် ​ပြောင်း​နေ​တာ​ကို​တော့ ​ကျ​နော် ​လက်​မ​ခံ​နိုင်​ဘူး​ဗျာ​လို့​လည်း ​မှတ်​ချက်​ပေး ​ပြော​ခဲ့​ပါ​သေး​တယ်။ ​ဆ​ရာ့​စ​ကား ​ကြား​တော့ ​ဒီ​ရက်​ပိုင်း ​အ​တွင်း​မှာ​ပဲ ​မြို့​တော်​ခန်း​မေ​ရှ့ ​ဆိုင်း​ဘုတ်​လေး ​ကိုင်​ပြီး ​ဆန်္ဒ​ပြ​နေ​တဲ့ ​အ​မယ်​အို​တ​ဦး​ကို ​ရဲ​တွေ ​ရဲ​ကား​ပေါ် ​တင်​ခေါ်​သွား​တဲ့ ​ဓာတ်​ပုံ ​မျက်​စိ​ထဲ ​မြင်​ယောင်​လာ​မိ​ပါ​တယ်။

ပုဒ်​မ ၁၈ ​လွှတ်​တော်​ထဲ ​ပြင်​ဖို့ ​ပြော​တော့ ​ပြည်​ထဲ​ရေး ​ဒုဝန်​ကြီး​ဆို​သူ ​ခု​ခံ​ပြော​ခဲ့​တာ ​မှတ်​မိ​နေ​ပါ​သေး​တယ်။ ​ပြစ်​ဒဏ်​မ​ပါ​တဲ့ ​ဥ​ပ​ဒေ​ဟာ ​အား​နည်း​ပါ​တယ်​တဲ့​။ ​ဥ​ပ​ဒေ​ဆို​တာ ​ပြည်​သူ​တွေ​ကို ​အ​ကာ​အ​ကွယ်​ပေး​ဖို့​ပဲ ​ဖြစ်​ရ​မယ်​လို့ ​အ​မြော်​အ​မြင်​ကြီး​သူ​တွေ ​ပြော​နေ​တဲ့​စ​ကား ​အုပ်​ချုပ်​ရေး​ပိုင်း​ဆိုင်​ရာ ​တာဝန်​ရှိ​သူ​တွေ ​မ​ကြား​လေ​ရော့​သ​လား​၊ ​ခု​ချိန်​ထိ ​သူ​တို့​ခေါင်း​ထဲ ​တို့​တာဝန်​အ​ရေး ၃ ​ပါး​ပဲ ​ရှိ​နေ​သေး ​ကြ​လေ​သ​လား​၊ ​တွေး​ကြည့်​မ​နေ​ပါ​နဲ့​၊ ​တ​ကယ်​ပဲ ​အ​ရင် ​အ​တိုင်း ​ပြု​မူ​ပြော​ဆို​နေ​ကြ​တုန်း​ပါ။ ​ကိုယ့်​ဘာ​သာ ​ပြန်​အ​ဖြေ ​ပေး​မိ​ရင်း ​သက်​ပြင်း​လည်း ​အ​ကြိမ်​ကြိမ် ​ချ​မိ​ပါ​တယ်။ ​မ​နေ့​တ​နေ့​က​ပဲ ​ပတ်​မ​ကြီး ​မ​ထိုး​ဖောက်​နဲ့​လို့ ​ပြော​သွား​သေး ​မ​ဟုတ်​လား​။

သ​မ္မ​တ​ပြော​လည်း ​ပြော​ပါ​ပဲ။

သ​မ္မ​တ​က ​အောက်​တို​ဘာ ​ရေ​ဒီ​ယို ​မိန့်​ခွန်း​မှာ ​အ​ခု​လို ​ပြော​သွား​ပါ​တယ်။

“​ငြိမ်း​ချမ်း​ရေး ​ဖြစ်​စ​ဉ်​နဲ့ ​ပတ်​သက်​လို့ ​ထူး​ခြား​မှု ​တ​ရပ်​က​တော့ ​ဒီ​နှစ် ​နိုင်​ငံ​တ​ကာ ​ငြိမ်း​ချမ်း​ရေး​နေ့​မှာ ​ရန်​ကုန်၊ ​မ​န္တ​လေး​၊ ​မော်​လ​မြိုင်​နဲ့ ​မြစ်​ကြီး​နား ​အ​စ​ရှိ​တဲ့ ​မြို့​ကြီး​တွေ​မှာ ​ငြိမ်း​ချမ်း​ရေး​ပွဲ​တော်​တွေ​ကို ​ပြည်​သူ​လူ​ထု​ရဲ့ ​အ​သံ​နဲ့ ​ဆ​န္ဒ​တွေ​ကို ​ထင်​ဟပ်​ပြီး ၀ိုင်း​၀န်း ​ကျင်း​ပ​ခဲ့​ကြ​တာ​ပဲ ​ဖြစ်​ပါ​တယ်။
ပြည်​သူ​လူ​ထု​ရဲ့ ​ငြိမ်း​ချမ်း​ရေး ​လို​ချင်​တဲ့​ဆ​န္ဒ၊ ​အ​ထူး​သ​ဖြင့် ​တိုင်း​ပြည်​တာဝန်​ကို ​ပ​ခုံး​ပြောင်း ​ထမ်း​ဆောင် ​ကြ​ရ​မယ့် ​လူ​ငယ်​တွေ​ရဲ့ ​ငြိမ်း​ချမ်း​ရေး​ကို ​လို​လား​တဲ့ ​ပြင်း​ပြ​တဲ့ ​ဆ​န္ဒ​က​နေ ​ပေါက်​ဖွား​လာ​တဲ့ ​တက်​ကြွ​လှုပ်​ရှား​မှု​တွေ​နဲ့ ​အ​နု​ပ​ညာ ​လှုပ်​ရှား​မှု​တွေ​ကို ​ကျ​နော်​အ​နေ​နဲ့ ​အား​ရ ​ကျေ​နပ်​မိ​ပါ​တယ်။”

ဒီ​ဇင်​ဘာ​မှာ ​သ​မ္မ​တ ​ကျေ​နပ်​အား​ရ​မိ​တဲ့ ​လူ​ငယ်​တွေ​ကို ​တ​ရား​ရုံး​အ​သီး​သီး​က ​တက်​ညီ​လက်​ညီ ​ထောင်​ချ​ပါ​တော့​တယ်။ ​ထောင်​ချ​ခံ​ရ​တဲ့ ​လူ​ငယ်​တွေ​က​လည်း ​ပြုံး​ပြုံး ​ပြုံး​ပြုံး​နဲ့ ​အ​ချုပ်​ကား​ပေါ် ​တက်​သွား​ကြ​တာ ​တွေ့​ရ​ပါ​တယ်။ ​ဒီ​ဇင်​ဘာ​လ​ကုန် ​နိုင်​ငံ​ရေး ​အ​ကျ​ဉ်း​သား​အား​လုံး ​သ​မ္မ​တ​က ​လွှတ်​ပေး​ဖို့ ​ရှိ​နေ​လေ​တော့ ​သ​မ္မ​တ ​လွှတ်​စ​ရာ ​လူ​မ​ရှိ​မှာ​စိုး​လို့ ​ထောင်​ထဲ ​လူ​စု​ပေး​နေ​သ​လား ​သံ​သ​ယ​ဖြစ်​စ​ရာ ​ဖြစ်​ရ​ပါ​တယ်။ ​တ​ရား ​စီ​ရင်​ရေး​အာ​ဏာ​ကို ​အ​လွဲ​သုံး​စား ​လုပ်​နေ​တဲ့ ​သ​ဘော​လား ​ယူ​ဆ​စ​ရာ​တွေ ​ရှိ​လာ​ပါ​တယ်။

လွှတ်​တော်​ထဲ ​ပုဒ်​မ ၁၈ ​ပြင်​ဖို့ ​ပြော​နေ​ဆို​နေ​ချိန်​မှာ ​အုပ်​ချုပ်​ရေး​ပိုင်း​က ​အ​ခု​လို ​ထောင်​ချ ​ပြ​နေ​လေ​တော့​၊ ​ဒီ​က​မောက်​က​မ ​ဖြစ်​ရပ်​တွေ ​ကြည့်​ပြီး ​ပြည်​သူ​တွေ​မှာ ​အုပ်​ချုပ်​ရေး ​ယ​န္တ​ရား​နဲ့ ​တ​ရား ​စီ​ရင်​ရေး ​ယ​န္တ​ရား​ကို ​ဘယ်​လို​လုပ် ​အား​ကိုး​ရ​ပါ့​မ​လဲ။

ပြည်​သူ့​အ​သံ ​နား​ထောင်​မယ့် ​အ​စိုး​ရ၊ ​ပြည်​သူ့​အ​သံ ​လွှတ်​တော်​အ​သံ​ဆို​တာ​တွေ ​ဘယ်​မ​လဲ ​မေး​ခွန်း​ထုတ်​စ​ရာ​တွေ ​ဖြစ်​ရ​ပါ​တယ်။

ရာ​နဲ့​ချီ ​အ​ချုပ်​နဲ့ ​တ​ရား ​ရင်​ဆိုင်​နေ​ကြ​ရ

နိုင်​ငံ​ရေး ​အ​ကျ​ဉ်း​သား​ဟောင်း​များ​အ​ဖွဲ့​က ​ပြန်​ကြား​ရေး ​တာဝန်​ခံ ​ဦး​ထွန်း​ကြည် ​ပြော​ပြ​လို့ ​သိ​ရ​တာ​က ​သူ​တို့ ​လက်​လှမ်း​မီ​သ​လောက် ​ပုဒ်​မ ၁၈ ​တို့ ၅၀၅(​ခ ​တို့​နဲ့ ​ထောင်​ကျ​သွား​တဲ့​သူ ၂၀ ​လောက် ​ရှိ​နေ​ပြီး ​အ​ချုပ်​နဲ့ ​တ​ရား​ရင်​ဆိုင်​နေ​ရ​သူ​ပေါင်း​က ၂၀၀ ​ကျော် ​ရှိ​ပါ​တယ်။

အ​စိုး​ရ ​အ​ခု​လို ​လုပ်​နေ​တာ​တွေ​ဟာ ​နိုင်​ငံ​ရေး ​တက်​ကြွ ​လှုပ်​ရှား​သူ​တွေ​ကို ​အ​ငြိုး​အ​တေး​နဲ့ ​လုပ်​နေ​တာ​မို့ ​သူ​တို့​အ​နေ​နဲ့ ​ပြင်း​ပြင်း​ထန်​ထန် ​ရှုတ်​ချ​တယ်​လို့​လည်း ​သူ​က ​ပြော​ပါ​တယ်။ ​သ​မ္မ​တ​ပြော​တဲ့ ​ဒီ​ဇင်​ဘာ​လ​ကုန် ​နိုင်​ငံ​ရေး ​အ​ကျ​ဉ်း​သား​အား​လုံး ​လွှတ်​ပေး​မယ်​ဆို​တဲ့​အ​ပေါ် ​သံ​သ​ယ ​ရှိ​တယ်။ ​ဒီ​ပုံ​အ​တိုင်း​တော့ ​မ​ဖြစ်​နိုင်​ဘူး​လို့ ​ယူ​ဆ​တယ် ​လို့​လည်း ​မှတ်​ချက်​ပေး​ပါ​တယ်။

သ​မ္မ​တ ​ပြော​ပြော​နေ​တာ​တွေ​ဟာ ​အောက်​ခြေ​မှာ ​တ​ကယ်​ဖြစ်​နေ​တာ​တွေ​နဲ့ ​အ​တော်​ကို ​လွဲ​ချော်​နေ​တာ​မို့ ​အ​ပြော​ရပ်​ပြီး ​တ​ကယ်​လုပ်​ပြ​ဖို့ ​လို​လာ​ပါ​ပြီ။ ​သ​မ္မ​တ ​သက်​တမ်း ​ထက်ဝက်​ကျော်​လာ​ချိန်​ထိ ​သ​မ္မ​တ ​ပြော​ခဲ့​တဲ့ ​မိန့်​ခွန်း​ပေါင်း ၄၀ ​ကျော်​ခဲ့​ပါ​ပြီ။

သ​မ္မ​တ ​ပြော​ခဲ့​တဲ့ ​မိန့်​ခွန်း​တွေ​အ​တိုင်း ​လက်​တွေ့ ​အ​ကောင်​အ​ထည် ​ပေါ်​လာ​အောင် ​အုပ်​ချုပ်​ရေး​ယ​န္တ​ရား​ထဲ​မှာ ​ပြု​ပြင် ​ပြောင်း​လဲ​ရေး​တွေ ​အ​များ​ကြီး​လုပ်​ဖို့ ​လို​နေ​ပါ​ပြီ။ ​နို့​မို့​ဖြင့်​တော့ ​သ​မ္မ​တ​ပြော​တဲ့ ​စ​ကား​လုံး​တွေ ​ဘယ်​လောက်​ကောင်း​ကောင်း ​ပြည်​သူ​တွေ​က ​အ​သိ​အ​မှတ် ​မ​ပြု​တော့​တာ​မျိုး​တွေ ​ဖြစ်​လာ​နေ​ပါ​ပြီ။

ဘယ်​လို ​အုပ်​ချုပ်​ရေး​တုန်း​။

အ​ခု ​ဒီ​စာ​ရေး​နေ​တုန်း ​အ​ချိန်​မှာ​ပဲ ​အုပ်​ချုပ်​ရေး ​ယ​န္တ​ရား​ကို ​မေး​ခွန်း​ထုတ်​စ​ရာ ​ဖြစ်​ရပ်​တ​ခု ​ဖြစ်​ပွား​ခဲ့​ပါ​တယ်။ ​သ​င်္ဃန်း​ကျွန်း​၊ ​မိ​ကျောင်း​ကန်​မှာ ​သ​ပိတ်​စ​ခန်း​ဖွင့် ​ဆ​န္ဒ​ပြ​နေ​တဲ့ ​သူ​တွေ​ကို ​တပ်​မြို့​စည်​ပင်​တံ​ဆိပ်​နဲ့ ​အ​ရပ်ဝတ်​တွေ​က ​နံ​ပါတ်​တုတ်​တွေ၊ ​တူ​တွေ​နဲ့ ​ရောက်​လာ​ပြီး ​အ​တင်း ​အ​ဓ​မ္မ ​တံ​တိုင်း ၀င်​ခတ်​တဲ့ ​ဖြစ်​ရပ်​ပါ။

အဲ​ဒီ ​တပ်​စည်​ပင်​ဆို​သူ​တွေ ​ရောက်​လာ​ချိန် ​ရှိ​နေ​တဲ့ ​သ​တင်း​ထောက်​တ​ဦး ​ပြော​ပြ​ချက်​အ​ရ ​မ​င်္ဂ​လာ​ဒုံ​တပ်​မြို့ ​စည်​ပင်​လို့ ​ရေး​ထား​တဲ့ ​ကား​ပြာ​ကြီး​တွေ ​ထိုး​ဆိုက်​လာ​တယ်၊ ​အ​င်္ကျီ​အ​နက်​တွေ ​ကာ​ကီ​ရောင် ​ဘောင်း​ဘီ​တွေ ၀တ်​ထား​ပြီး ​နံ​ပါတ်​တုတ်​တွေ၊ ​တူ​တွေ​နဲ့ ​လူ​တွေ ​ကား​တွေ​ပေါ်​က ​ခုန်​ဆင်း​လာ​တယ်။ ​ကား ၁ ​စီး ၁ ​စီး​တိုင်း​မှာ ​လူ ၅၀ ​လောက်​ပါ​တယ်။ ​ကား​တွေ ​အ​များ​ကြီး​ပေါ်​က ​အုပ်​စု​လိုက် ​အုပ်​စု​လိုက် ​ဆင်း​ချ​လာ​တယ်။

ထု​ဟ၊ ​ရိုက်​ဟ ​အော်​ပြီး ​သွပ်​ပြား​တွေ​နဲ့ ​တံ​တိုင်း​၀င်​ကာ​တယ်။ ​တွန်း​ထိုး​မိ​လို့ ​လဲ​ကျ​သွား​တဲ့ ​အ​မျိုး​သ​မီး​တွေ​ကို ​တက်​နင်း​တယ်။ ​သ​ပိတ်​စ​ခန်း​က ​အ​မျိုး​သ​မီး ၁၀ ​ယောက်​လောက် ​ဒဏ်​ရာ​ရ ​သွား​တယ်၊ ​မိ​ကျောင်း​ကန် ​ဆ​န္ဒ​ပြ​သူ​တွေ​ဆီ ​တပ်​စည်​ပင် ​ဆို​သူ​တွေ ​ရောက်​ရောက် ​လာ​တာ ၃ ​ကြိမ်​ရှိ​ပြီ၊ ၂ ​ကြိမ်​မှာ ​အ​ခု​လို​မျိုး ​ထိပ်​တိုက်​တွေ့​တယ်။

အင်​တာ​နက်​ပေါ် ​ဓာတ်​ပုံ​တွေ ​တက်​လာ​လို့ ​ကြည့်​လိုက်​တော့ ​တပ်​စည်​ပင်​ဆို​သူ​တွေ​ဟာ ​အ​ရပ်ဝတ်​နဲ့ ​တ​ကယ့် ​လူ​မိုက်​ရုပ်​တွေ​ပါ။ ​စွမ်း​အား​ရှင်​တွေ ​တ​ကျော့​ပြန်​လာ​လေ ​သ​လား​၊ ​ဓာတ်​ပုံ​တွေ​ကြည့်​ရင်း ​သော​က​များ​ရ​ပါ​တယ်။

လက်​လှမ်း​မီ​သ​လောက် ​မေး​ကြည့်​တော့ ​တပ်​မြို့​တွေ ​ဥ​ပ​မာ ​မိ​တီ်္ထ​လာ၊ ​ဗ​ထူး​၊ ​မ​င်္ဂ​လာ​ဒုံ ​စ​တဲ့ ​တပ်​မြို့​တွေ​မှာ ​တပ်ဝင်း ​စည်​ပင်​သာ​ယာ​ရေး​လုပ်​ဖို့ ​ခန့်​ထား​တဲ့ ​အ​ရပ်ဝတ် ၀န်​ထမ်း​တွေ ​ရှိ​တယ်​လို့ ​သိ​ရ​ပါ​တယ်။ ​ဒါ​ဆို ​မိ​ကျောင်း​ကန် ​သ​ပိတ်​စ​ခန်း​ကို ​ရောက်​လာ​တဲ့ ​တပ်​စည်​ပင်​တွေ​ကို ​အဲ​ဒီ​တပ်​ရဲ့ ​တပ်​မှူး​က ​အ​မိန့်​ပေး​လို့ ​အ​ခု​လို ​လာ​လုပ်​တာ​ပေါ့​။ ​စစ်​တပ် ​အ​လုပ်​က ​နိုင်​ငံ​တော် ​ကာ​ကွယ်​ရေး​အ​တွက်​ပဲ ​လုပ်​ရ​တာ ​မ​ဟုတ်​လား​။

မ​နေ့​တ​နေ့​က​ပဲ ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ် ​ရ​ခိုင်​ခ​ရီး​မှာ ​ပြော​သွား​သေး​တယ်၊ ​စစ်​တပ်​ဆို​တာ ​နိုင်​ငံ​တော်​ကို ​ထာဝ​ရ ​အ​ကာ​အ​ကွယ် ​ပေး​နေ​ရ​တဲ့ ​အ​ဖွဲ့​အ​စည်း​တဲ့​။ ​ဒါ​ပါ​ပဲ၊ ​အ​ပြော​တွေ​နဲ့ ​လုပ်​နေ​တာ​တွေ ​လွဲ​နေ​ပါ​တယ်။ ​ကြာ​ရင် ​အ​ရင်​အ​တိုင်း ​မ​ယုံ​ဘဲ ​အ​ရင်​လို ​ပြန်​ဖြစ်​ကုန် ​ပါ​တော့​မယ်။

ပြည်​သူ့​ခေတ်​ဂျာ​နယ် ​အ​တွဲ – ၄၊ ​အ​မှတ် – ၁၇၅ ​မှေ​ရွှ​အောင်​၏ ​ဆောင်း​ပါး​ကို ​ပြန်​လည်​ဖော်​ပြ​သည်။

Byေ​ရွှ​အောင် (DVB Burmese)