သပိတ်တိုက်ပွဲအတွင်း ဒက္ကားတွင် နောက်ထပ်လူ ၄ ဦး သေဆုံး

ပို့စ်တင်ချိန် - 12/03/2013 02:41:00 PM


(နိရဉ္စရာ- ၁ ဒီဇင်ဘာ ၂၀၁၃)

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ နိုင်ငံရေး  မတည်ငြိမ်မူတွေနဲ့ အတူ အတိုက်အခံ ပါတီက ဆက်တိုက် ပြုလုပ်နေတဲ့ သပိတ်တိုက်ပွဲကြောင့် ဒက္ကားမြို့တော်မှာ မနေ့က တစ်နေ့တည်းမှာ လူ (၄) ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။



လွန်ခဲ့တဲ့ အပတ်က – တနင်္ဂနွေနေ့ နံနက်ကနေ သောကြာနေ့ နံနက် (၇) နာရီထိ- ပြုလုပ်ခဲ့တဲ့  ၅ ရက်ကြာ သပိတ်တိုက်ပွဲမှာ လူအနည်းဆုံး (၂၀) ခန့် သေဆုံးခဲ့ပြီး အများစုဟာ သာမန် အရပ်သားတွေ ဖြစ်ကြကာ လမ်းသွားရင်းနဲ့ ဘတ်စ်ကားတွေ မီးရှို့ခံရတဲ့အထဲမှာ ပါသွားကြသူတွေ ဖြစ်ကြပါတယ်။

အတိုက်အခံ ဘီအန်ပါတီက သောကြာနေ့ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘာသာရေးအရ အရေးကြီးတဲ့နေ့ ဖြစ်တာကြောင့် သပိတ်ကို လှန်ခဲ့ပြီး စနေနေ့နံနက်က ရုတ်တရက် သပိတ်ပြန်ခေါ်ရာမှာ တိုက်ခိုက်မူတွေ ထပ်မံ ပေါ်ပေါက်ခဲ့ပြီး နောက်ထပ် လူ (၄) ဦး ဒက္ကားမြို့ တစ်ခုတည်းမှာတင် သေဆုံးသွားခဲ့ကြရတာ ဖြစ်ပါတယ်။

ခုဆက်ခေါ်တဲ့ သပိတ်တိုက်ပွဲကြောင့် နိုင်ငံ အ၀န်းမှာ သယ်ယူပို့ဆောင်ရေးနဲ့ သွားလာရေးတွေ ရပ်ဆိုင်းနေသလို ကျောင်းတွေ၊ ဈေးဆိုင်တွေ၊ ကုန်တိုက်ကြီးတွေ၊ စက်ရုံ အလုပ်ရုံတွေ အားလုံးကို ပိတ်ထားကြရပါတယ်။ သပိတ်တိုက်ပွဲ ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြားမှာလည်း အပြန်အလှန် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မူတွေ နိုင်ငံနဲ့ အ၀န်းမှာ ပေါ်ပေါက်နေပါတယ်။

အခု ပြုလုပ်တဲ့ အတိုက်အခံတွေရဲ့ သပိတ်ဟာ သက်တမ်းကုန်သွားပြီ ဖြစ်တဲ့ လက်ရှိ အစိုးရ နုတ်ထွက် ပေးဖို့နဲ့ လာမယ့် ရွှေးကောက်ပွဲကို ကြားဖြတ် အစိုးရလက်အောက်မှာ လုပ်ဆောင်ပေးဖို့ တောင်းဆိုနေတဲ့ သပိတ်တိုက်ပွဲ ဖြစ်ပါတယ်။ လက်ရှိ အာဏာရယူထားတဲ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ ဦးဆောင်တဲ့ အ၀ါမီလိဂ် အစိုးရကတော့ ရွှေးကောက်ပွဲကို သူ့အစိုးရ ဦးဆောင်တဲ့ ညွှန့်ပေါင်း အစိုးရလက်အောက်မှာဘဲ ပြုလုပ် ကျင်းပသွားဖို့ စီစဉ်နေပါတယ်။

ခုလို သပိတ်တိုက်ပွဲ နေ့စဉ် ရက်ဆက် အကန့်အသတ် မရှိ ပေါ်ပေါက်နေတာကြောင့် ဘင်္ဂလာဒေခ်ျရဲ့ စီးပွားရေးကို အထူး ထိခိုက် နေသလို တစ်နေ့ရှာမှ တစ်နေ့စားကြရတဲ့ လက်လုပ်လက်စား အများစု ပြည်သူတွေရဲ့ ဘ၀ကတော့ အထူး အခက်အခဲတွေနဲ့ ရင်ဆိုင် နေကြရတယ်လို့ ဆိုပါတယ်။

narinjara burmese news