(ပြည်သူများအား အသိပေးကြေညာချက်)

ပို့စ်တင်ချိန် - 12/23/2013 09:40:00 AM


မစိုးရိမ်တိုက်သစ်၊ ဒီဇင်ဘာ -၂၂

မစိုးရိမ်တိုက်သစ်သည် ပရိယတ္တိသာသနာ့တာဝန်ကို အချိန်ပြည့် ထမ်းဆောင်နေသော စာသင်တိုက် တတိုက်ဖြစ်ပါသည်။

ပြည်သူများအတွက် မဖြစ်မနေ လိုအပ်လျှက်ရှိသော အချိန်အခါမှ လွဲ၍ နိုင်ငံရေးတွင် ပါဝင်ပတ်သက်လေ့မရှိပါ။

မြန်မာနိုင်ငံ၏ ခေတ်တခေတ်ကို ပြောင်းလဲရောက်ရှိစေခဲ့သော ကမ္ဘာနှင့် မြန်မာကပါ လေးစားတန်ဖိုးထားသော စေတနာလည်းမှန်၍ အရည်အချင်းပြည့်ဝသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်
ခေါင်းဆောင်သော NLD ပါတီအား ဝေဖန်ရှုံ့ချခြင်း လုံးဝပြုလုပ်မည်မဟုတ်ပါကြောင်း
၊ သို့ဖြစ်ပါ၍ “ မစိုးရိမ်တိုက်သစ် ဘုန်းကြီးများ ဦးဆောင်ပြီး NLD ပါတီနှင့် အမေစုအား တိုက်ခိုက်တဲ့စာတွေ ဝေနေပါသည်” ဟူသော သတင်းမှာ လုံးဝမဟုတ်ပါကြောင်း အတိအလင်း အသိပေးကြညာအပ်ပါသည်။

မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့

share from Nainglin Aung..
ဟာဂျူလီ ကသာ