ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီက သတင်းထုတ်ပြန်

ပို့စ်တင်ချိန် - 12/08/2013 02:44:00 PM


ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း တာဝန်ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီက ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက် တခု ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ဖော်ပြထားချက်ကို ပြန်လည် ကူးယူဖော်ပြပေးလိုက် ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ
သတင်းထုတ်ပြန်ချက်(၃/၂၀၁၃)
၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် (၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်)

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ပတ်သက်၍ အကြံပြုချက် တောင်းခံခြင်း အပေါ် ဌာန၊ အသင်းအဖွဲ့ပါတီ အသီးသီးနှင့် ပုဂ္ဂိုလ်များထံမှ ရရှိမှု အခြေအနေ သတင်းထုတ်ပြန်ခြင်း

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း
ကော်မတီ မှ သတင်း ထုတ်ပြန်ချက် (၁/၂၀၁၃) ဖြင့် ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရား စီရင်ရေး မဏ္ဍိုင်များထံမှ လေ့လာ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မတိုင်မီ ပေးပို့နိုင်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။

၂။ သို့သော်လည်း ပြည်သူများ၊ အဖွဲ့အစည်းများ၊ ဌာနအသင်းအဖွဲ့ ပါတီများမှ ကျယ်ကျယ်ပြန့်ပြန့် အကြံပြု စာများ ရရှိရန် အလို့ငှာ (၃/၂၀၁၃) ပူးပေါင်း ကော်မတီ အစည်းအဝေးကို (၃၁-၁၀-၂၀၁၃) တွင် ကျင်းပ ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ သဘော တူညီချက်ဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ ပေးပို့နိုင်ပါကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။

၃။ သတင်း ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီထိ အကြံပြုစာပေါင်း ၁၂၄ စောင် ရရှိခဲ့ပါသည်။

၎။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှဒီဇင်ဘာလ ၅ ရက်နေ့အထိ အကြံပြုစာပေါင်း ၃၁၆ စောင်ရရှိခဲ့ပါ သည်။

၅။ သို့ပါ၍ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့အထိ အကြံပြုစာပေါင်း ၄၄၀ စောင်ရရှိခဲ့ပြီး ပါတီ အဖွဲ့ အစည်းနှင့် အသင်းအဖွဲ့အသီးသီးမှ-

(က) အခန်း(၁)တွင် အကြံပြုချက် (၅၉၀) ချက်၊
( ခ ) အခန်း(၂)တွင် အကြံပြုချက် (၃၆) ချက်၊
(ဂ ) အခန်း(၃)တွင် အကြံပြုချက် (၂၆၁) ချက်၊
(ဃ) အခန်း(၄)တွင် အကြံပြုချက် (၃၀၉) ချက်၊
( င ) အခန်း(၅)တွင် အကြံပြုချက် (၄၃၈) ချက်၊
( စ ) အခန်း(၆)တွင် အကြံပြုချက် (၁၇၉) ချက်၊
(ဆ) အခန်း(၇)တွင် အကြံပြုချက် (၂၈) ချက်၊
( ဇ ) အခန်း(၈)တွင် အကြံပြုချက် (၁၂၀) ချက်၊
( ဈ ) အခန်း(၉)တွင် အကြံပြုချက် (၄၉) ချက်၊
(ည) အခန်း(၁၀)တွင် အကြံပြုချက် (၂၀) ချက်၊
( ဋ ) အခန်း(၁၁)တွင် အကြံပြုချက် (၈၃) ချက်၊
( ဌ ) အခန်း(၁၂)တွင် အကြံပြုချက် (၂၁၈) ချက်၊
( ဍ ) အခန်း(၁၃)တွင် အကြံပြုချက် (၁၁) ချက်၊
( ဎ ) အခန်း(၁၄)တွင် အကြံပြုချက် (၂၂) ချက်၊
(ဏ) အခန်း(၁၅)တွင် အကြံပြုချက် (၁၂) ချက်၊
(တ) ဇယား(၁)တွင် အကြံပြုချက် (၅၉) ချက်၊
(ထ) ဇယား(၂)တွင် အကြံပြုချက် (၄၅) ချက်၊
( ဒ ) ဇယား(၃)တွင် အကြံပြုချက် (၁၀) ချက်၊
( ဓ ) ဇယား(၄)တွင် အကြံပြုချက် (၁) ချက်၊
( န ) ဇယား(၅)တွင် အကြံပြုချက် (၂၁) ချက်၊

စုစုပေါင်း အကြံပြုချက် (၂၅၁၂) ရရှိပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း အကြံပြုစာများ ရောက်ရှိ လျက် ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေးပူးပေါင်းကော်မတီ
ဧရာဝတီ Myanmar News