ကမ္ဘာလှည့်ခရီးသည် ၁.၉ သန်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်

ပို့စ်တင်ချိန် - 12/27/2013 10:18:00 AM

Photo by Popular Myanmar

မြန်မာပြည်ထဲ လာရောက်လည်ပတ်ခဲ့ကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၁ ဒဿမ ၉သန်း ရှိသွားပြီလို့ ဟိုတယ်ခရီးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေအရ ပြောပါတယ်။

ဒီအရေအတွက်ဟာ နိုင်ငံတကာလေဆိပ်တွေနဲ့ နယ်စပ်ဝင်ပေါက်တွေက ၀င်ရောက်လည်ပတ်တဲ့ ခရီးသည် အားလုံးရဲ့ အရေအတွက် ဖြစ်ပြီး ဟိုတယ်ခရီးက မျှော်မှန်းထားတဲ့ ခရီးသည် ၂ သန်းနဲ့ အတော်လေး နီးစပ်တဲ့ ခရီးသည်အရေအတွက်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ပုဂံဒေသကို အခုရက်ပိုင်း နိုင်ငံခြားသားခရီးသည် ဦးရေ ၈၀၀ လောက် ပုံမှန်လာရောက်နေကြောင်း ပုဂံဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။

ဥရောပနဲ့ အာရှဒေသက ခရီးသည်တွေအလာများပြီး အာရှဧည့်သည်က ပိုများတယ်လို့လည်း ဆိုပါတယ်။
DVB Burmese