တစ်နိုင်ငံလုံးရှိ ရှေ့နေများပါဝင်မည့် မြန်မာနိုင်ငံ ရှေ့နေများအသင်း ဖွဲ့မည်

ပို့စ်တင်ချိန် - 12/28/2013 10:30:00 AM


မြန်မာနိုင်ငံအတွင်းရှိ ရှေ့နေများ အားလုံး ပါဝင်သော မြန်မာနိုင်ငံရှေ့နေများအသင်းကို ၂၀၁၄ ဖေဖော် ၀ါရီလတွင် International Bar Council အား ဖိတ်ကြားပြီး ဖွဲ့စည်းသွားမည်ဟု တရားလွှတ်တော်ရှေ့ နေဦးလှကိုက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ ရှေ့နေများအသင်း တရားဝင်ဖွဲ့စည်းနိုင်ရန် ရန်ကုန်မြို့တွင် မြန်မာနိုင်ငံရှေ့နေများအသင်း (ယာယီ)ကို ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံတွင် Bar Council ရှိသော်လည်း မြန်မာနိုင်ငံအတွင်းရှိ ရှေ့နေ များကို ကာကွယ်မပေးသည့်အပြင် လိုင်စင်သိမ်း အပြစ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်ဟုလည်း တရား လွှတ်တော်ရှေ့နေဦးလှကိုက ဝေဖန်သည်။

မြန်မာနိုင်ငံတွင် Bar Council မှ ရှေ့နေလိုင်စင်ရုပ်သိမ်းပြီး အရေးယူထားသည့် ရှေ့နေ ၂၀၀ ကျော်ရှိ နေသည်။

“ရှေ့ကောင်စီ Bar Counicl ဆိုတာ ရှေ့နေတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးရမယ်။ ရှေ့နေတွေကို အပြစ်ပေးတော့မယ်ဆိုရင် ခုံအဖွဲ့ဖွဲ့ စုံစမ်းစစ်ဆေးပြီးမှ အပြစ်ပေးလို့ရပါတယ်”ဟု တရားလွှတ်တော် ရှေ့နေ ဦးလှကိုက ပြောသည်။

မြန်မာနိုင်ငံ ရှေ့နေများအသင်း ပေါ်ပေါက်ဖွဲ့စည်းနိုင်ရန် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ရှေ့နေများဖြင့် ညှိနှိုင်းပြီးဖြစ်ပြီး ထိုရှေ့နေများနှင့်ပင် အတည်ပြု ဖွဲ့စည်းသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ ရှေ့နေအသင်း ဖွဲ့စည်းပြီးပါက ရှေ့နေများ၏ အရည်အချင်းကို မြှင့်တင်ပေးနိုင်ခြင်း တရား စီရင်ရေးဘက်တွင် ကူညီနိုင်ခြင်း ပြည်သူတို့၏ အခွင့်အရေးကို ဥပဒေအရ ကာကွယ်ပေးနိုင်ခြင်း တရား ဥပဒေနှင့်ပတ်သက်၍ အစိုးရအား အကြံဉဏ်ပေးနိုင်ခြင်း စသည့် ကောင်းကျိုးများ ဆောင်ရွက်ပေးသွား နိုင်သည့်အပြင် ရှေ့နေများ၏ ဘ၀များကို အပြည့်အ၀ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
Mizzima Burmese