လှိုင်မြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်ကျား (၁၃)ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 12/04/2013 04:01:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၎

၃.၁၂.၂၀၁၃ရက်နေ့ ၂၀၄၅အချိန် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသည့် 7F/5650 KIABONGO လိုက်ထရပ်အပြာရောင် ကိုယ်ပိုင်ယာဉ်သည် ဘုရင့်နောင်စစ်ကြောရေးရုံးအနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်စပ်သို့ တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထား၍ ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ၎င်းယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၀င်းနိုင်ထွန်းပါကျား (၁၃)ဦးတွင် ဒဏ်ရာများအသီးသီးရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အသီးသီးဆေးကုသမှုခံရသဖြင့် ယာဉ်မဆင်မခြင်
မောင်းနှင်သူ ယာဉ်မောင်း (စုံစမ်းဆဲ)အား ပိတောက်ချောင်းနယ်မြေ ရဲစခန်းယာဉ်(ပ)၂၇/၂၀၁၃၊ ပုဒ်မ ၃၃၈/၂၀၂ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police