မင်းပြားမြို့ အလကကျောင်းများအကြား အငြင်းပွား

ပို့စ်တင်ချိန် - 12/24/2013 08:55:00 AM


ရခိုင်ပြည်နယ် မင်းပြားမြို့ မြို့ပေါ် အလက (၁) နဲ့ အလက (၂) အကြား ကျောင်းဆောင်သစ် တစ်ခု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမူတွေ ပေါ်ပေါက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေး ၀န်ကြီး ဒေါက်တာ အောင်ကျော်မင်း လက်မှတ်ထိုးပြီး အိန္ဒိယ အစိုးရက လှုဒါန်းတဲ့ ကျောင်းဆောင်သစ်နဲ့ ပတ်သက်ပြီး စာထုတ်တာ (၃) ကြိမ်တိတိ ရှိပြီ ဖြစ်တယ်လို့ မင်းပြား ဒေသခံတွေက နိရဉ္စရာကို ပြောပြပါတယ်။

ပထမ ဒီဇင်ဘာလ ၁၁ ရက်နေ့နဲ့ တစ်ကြိမ် ထုတ်တဲ့ အခါ အဲဒီကျောင်းဆောင်သစ်ဟာ အလက (၁) အတွက်ဖြစ်တယ် ၊ ဒီဇင်ဘာ ၁၆ ရက်နေ့မှာတော့ အလက (၂)  အတွက်ြ့ဖစ်တယ်၊ နောက်ဆုံး အကြိမ်မှာတော့ အလက (၂) လို့ ထပ်ပါတယ်လို့ ပြောပါတယ်။

အဲသလို ပြည်နယ် အစိုးရအဖွဲ့ရဲ့ အလွှဲလွှဲအချော်ချော် စာထုတ်နေမူတွေကြောင့်  အဲဒီကျောင်းဆောင်သစ်နဲ့ ပတ်သက်ပြီး သူရသင့်တယ်။ ငါရသင့်တယ်ဆိုပြီး ကျောင်းကော်မီတီတွေအကြား အငြင်းပွားမူ ပေါ်ပေါက် နေတယ်လို့ သိရပါတယ်။

ဒေသခံတွေ အပြောအရ မင်းမြို့ အထက ကျောင်းခွဲ အလက (၁) မှာ ကျောင်းဆောင် တစ်ဆောင်သာရှိပြီး အလက (၂) မှာကျောင်းဆောင် (၄) ဆောင်ရှိတယ်လို့ ပြောပါတယ်။ အမှန်တကယ်ဆိုရင် အလက (၁) အတွက်သာ ဖြစ်သင့်တယ်လို့ ပြောဆိုပါတယ်။
Burmesenews narinjara