မွေးကင်းစ ကလေးငယ် ၇ ဦးသေဆုံးပြီးနောက် ကာကွယ်ဆေးထိုးခြင်း တရုတ်တွင် ရပ်ဆိုင်း

ပို့စ်တင်ချိန် - 12/24/2013 02:52:00 PM


(နိရဉ္စရာ- ၂၄ ဒီဇင်ဘာ ၂-၀၁၃)

တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ် (၇) ဦး သေဆုံးသွားခြင်းမှာ ကာကွယ်ဆေးကြောင့်ဟု သံသယ ရှိနေသဖြင့် ယခုအခါ ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်းကို ရပ်ဆိုင်းထားလိုက်သည်ဟု တရုတ်အစိုးရပိုင် Xinhua မှ ယမန်နေ့ (တနင်္လာနေ့)က သတင်း ဖေါ်ပြသည်။

တရုတ် ကျန်းမာရေးဌာန တာဝန်ရှိသူများမှ အဆိုပါ ကလေးငယ်များ သေဆုံးရခြင်းနှင့် ပတ်သက်ပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း၊ ၎င်းမွေးကင်းစ ကလေးငယ် ၇ ဦးမှာ ဘီအမျိုးအစား အသည်းရောင်ရောဂါ ကာကွယ်ဆေး (Hepatitis B Vaccinations) ကို ပုံမှန် အတိုင်း ထိုးပြီးနောက် သေဆုံးသွားခြင်း ဖြစ်ကြောင်း ၎င်းသတင်းဌာက ဆိုသည်။

သေဆုံးသွားသည့်ကလေးငယ်များမှာ တရုတ်နိုင်ငံ တောင်ပိုင်း ပြည်နယ် တစ်ခု ဖြစ်သော Guangdong မှ ၄ ဦးနှင့် ကျန်ကလေးငယ်များမှာ တောင်-အလယ်ပိုင်း ပြည်နယ် တစ်ခုဖြစ်သော Hunan နှင့်  အနောက်တောင်းပိုင်းပြည်နယ် Sichuan တို့မှ ဖြစ်ကြသည်ဟု ဆိုသည်။

ကျန်းမာရေး ၀န်ကြီးဌာနမှ Shenzhen ပြည်နယ် အခြေစိုက် Biokangtai မှ ထုတ်သော ဆေးများကို စစ်ဆေးမူ မပြီးမချင်း  ဆေးရုံများအားလုံးတွင် ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်းကို ရပ်တန့်ထားရန် အမိန့်ထုတ်ပြန်လိုက်သည်ဟု သတင်းတွင် ဖေါ်ပြသည်။

၎င်းဆေးကုမ္ပဏီမှလည်း ကျေညာချက် တစ်စောင်ထုတ်ပြန်ပြီး လုံခြုံမူ ရှိစေရေးအတွက် လိုက်နာဆောင်ရွက်နေကြောင်း၊ သို့သော်လည်း ဆေးကြောင့် ဟုတ်မဟုတ်ကို စစ်ဆေးနေကြောင်း ဖေါ်ပြသည်။
Burmesenews narinjara