ကျပ် ၁၀ သိန်းပမာဏအထိ မိုဘိုင်းဖုန်းအချင်းချင်းငွေ လွှဲပြောင်းပေးပို့နိုင်သည့် မိုဘိုင်းဘဏ်စနစ် စတင်အသုံးပြုနိုင်ပြီ

ပို့စ်တင်ချိန် - 12/20/2013 12:41:00 PM


ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။          ။ ကျပ် ၁၀ သိန်းပမာဏအထိ မိုဘိုင်းဖုန်း အချင်းချင်း ငွေအပြန်အလှန် လွှဲပြောင်းပေးပို့နိုင်သည့် မို ဘိုင်းဘဏ်စနစ် (Myanmar Mobile money)စတင်အသုံး ပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယင်းမိုဘိုင်း ဘဏ်စနစ်မှာ ဘဏ်ဖြင့်ချိတ်ဆက်ရန်မလို အပ်ဘဲ ဖုန်းမက်ဆေ့ခ်ျပေးပို့ရုံ ဖြင့် တိုင်းနှင့်ပြည်နယ်ဒေသ အသီးသီးသို့ ငွေပေးပို့နိုင်သည့် ဝန်ဆောင်မှုဖြစ်ပြီး ငွေသား ထုတ်ယူရာတွင်လည်း ဘဏ် တွင်ဖြစ်စေ၊ သတ်မှတ်ပေးထား သည့် ကိုယ်စား လှယ် (Agent) များတွင်ဖြစ်စေ ငွေထုတ်ယူ နိုင်ကြောင်း သိရသည်။

''ဖုန်းနဲ့ ငွေလွှဲနိုင်ရုံမကဘဲ ငွေသားကိုင်ဆောင်အသုံး မပြုချင်တဲ့သူတွေအတွက်လဲ ဖုန်းမှာ ပိုက်ဆံဖြည့်ထားရုံနဲ့ ဈေးဝယ်နိုင်တယ်။ ပိုက်ဆံပေး ချေနိုင်တယ်။ ဥပမာ-တခြား သူ ဖုန်းကို ငွေဖြည့်ကတ်ကအစ ဖြည့်ပေးနိုင်တယ်။ ဒီစနစ် အ သုံးပြုချင် တဲ့ သူတွေအတွက် ဖုန်းနံပါတ်၊ မှတ်ပုံတင်တို့နဲ့ ကိုယ်စားလှယ်တွေဆီမှာ စာ ရင်းဖွင့်လို့ရပါတယ်''ဟု Myanmar Mobile Money မှ စီ အီးအို ဦးကျော်ထူးလင်းက ပြောသည်။

ယင်းကဲ့သို့ ကိုယ်စားလှယ် များကို မြို့ကြီးများတွင်သာမက နေရာအနှံ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စား လှယ် ၁၀၀၀ ခန့်ထားရှိပေးသွား မည်ဖြစ်ကာ မြို့နယ်တစ်မြို့နယ် တွင် ကိုယ်စားလှယ်သုံးဦးခန့် ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ''ငွေထုတ်တဲ့အခါ ဘဏ် မှာဖြစ်ဖြစ် နီးစပ်ရာကိုယ်စား လှယ်မှာဖြစ်ဖြစ် ထုတ်ယူလို့ရ တယ်။ အဲဒီအတွက် ဝန်ဆောင် ခကိုလဲ နည်းအောင်သတ်မှတ် ပေးထားတယ်။ ငွေကြေးနဲ့ပတ် သက်တဲ့ ကိစ္စရပ်တွေဖြစ်လို့ ဗဟို ဘဏ် ရဲ့ လမ်းညွှန်မှုတွေနဲ့ ဆောင်ရွက်ထားပါတယ်''ဟု ယင်းက ထပ်မံပြောသည်။

အဆိုပါစနစ် အသုံးပြု နိုင်ရန် ကိုယ်စားလှယ်များထံ တွင် ငွေကြေးဖြည့်သွင်းလိုပါ က အနည်းဆုံးကျပ် ၂ဝဝဝမှ စ၍ မိမိစိတ်ကြိုက်ပမာဏဖြည့် သွင်းထားနိုင်ကြောင်း သိရသည်။ Myanmar Mobile Money  စနစ်အား အသုံးပြုလိုပါက မှတ်ပုံတင် ကြေးကျပ် ၅၀၀၊ လစဉ်ကြေး ကျပ် ၂၀၀၀ သတ် မှတ်ထားကြောင်း၊ သုံးစွဲနေစဉ် အတွင်း အခက်အခဲရှိပါက ဖုန်း နံပါတ်၁၂၁၂သို့ ဆက်သွယ်စုံ စမ်းနိုင်ကြောင်း သိရသည်။

ဖူးပွင့်သော်
Yangon Media Group