သင့်လက်ဆွဲနှုတ်ဆက်ပုံက သင့်အကြောင်းကို ပြောပါတယ်

ပို့စ်တင်ချိန် - 12/20/2013 10:14:00 AM


သင့်လက်ဆွဲနှုတ်ဆက်ပုံက သင့်အကြောင်းကို ပြောပါတယ်
ယခုနှစ်အတွင်းက သန်းကြွယ်သူဌေးကြီး Bill Gates အနေနဲ့ တောင်ကိုရီးယား သမ္မတ Park Geun-hye နဲ့ တွေ့ဆုံလက်ဆွဲနှုတ်ဆက်ချိန်မှာ လက်တစ်ဖက်ကို
 အိပ်ကပ်ထဲ ထည့်ထားတဲ့ အတွက်ကြောင့် တောင်ကိုရီးယား မီဒီယာတွေရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

သို့ပေမဲ့ body language ကျွမ်းကျင်တဲ့ FBI Agent ဟောင်းတစ်ဦးဖြစ်သူ Joe Navarro ပြောကြားချက်အရ ဒါဟာ သာမန် လက်ဆွဲနှုတ်ဆက်မှုမျိုးလို့ ပြောဆိုခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် လူတစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးရင်ပဲဖြစ်ဖြစ် မိတ်ဆွေသစ်ဖွဲ့တဲ့အချိန်မှာပဲဖြစ်ဖြစ် လက်ဆွဲနှုတ်ဆက်လေ့ရှိတာကြောင့် လက်ဆွဲနှုတ်ဆက်ခြင်းဟာ တစ်နည်းနည်းနဲ့ လူပတ်ဝန်းကျင်မှာ အရေးပါနေပါတယ်။
Joe Navarro ရဲ့ လက်ဆွဲနှုတ်ဆက်ခြင်းမှာ ပိုပြီး ကောင်းမွန်ဖို့အတွက် အကြံပြုတဲ့ နည်းလမ်းတွေကတော့
1. လက်ဆွဲနှုတ်ဆက်နေချိန်မှာ မျက်လုံးချင်းဆုံနေပါစေ
2. ရေစိုနေခဲ့လျှင်တော့ ရေခြောက်အရင်သုတ်ပါ
3. တပါးသူရဲ့ လက်အပေါ်မှ သာစီးမိုးပြီး လက်ဆွဲနှုတ်ဆက်ခြင်းကို ရှောင်ရှားပါ။
4. လက်ဆွဲနှုတ်ဆက်နေချိန်အတွင်း လက်ကောက်ဝတ်အပေါ် အခြားလက်တစ်ဖက် မထပ်မိပါစေနှင့်။
5. လက်နှစ်ဖက်ဖြင့်သာ နှုတ်ဆက်ပါ ( အဖိုးအိုတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်တဲ့ အချိန်မှာတော့ ဒီအချက်က ခြွင်းချက်ပေါ့)
ဝင်းကို

MM Social Sky