ဆေးဖက်ဝင်အောင် ဘယ်လိုပြင်ဆင်မလဲ

ပို့စ်တင်ချိန် - 12/26/2013 11:45:00 PM


ကြက်သွန်ဖြူ
ကြက်သွန်ဖြူတွင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုနှိမ်နင်းနိုင်သော အာနိသင်များရှိသည်။ ကြက်သွန်ဖြူ၏ ဆေးဖက်ဝင်အာနိသင်အများစုသည် ဆာလဖာဒြပ်ပေါင်းများမှ ရရှိခြင်းဖြစ်ပြီး ဓာတ်တိုးဆန့်ကျင် (antioxidant) အာနိသင်ကိုပါ ပေးစွမ်းနိုင်သည်။ တစ်ပတ်လျှင် ကြက်သွန်ဖြူ ခြောက်မွှာနှင့် အထက်စား ပေးခြင်းဖြင့် အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ များကို ကာကွယ်ပေးနိုင်သည်။
တစ်နေ့လျှင် ကြက်သွန်ဖြူတစ်မွှာခန့် ထည့်စားပေးပါ။ ကြက်သွန်ဖြူကို ထောင်း၍ဖြစ်စေ၊ စိတ်၍ဖြစ်စေ ပြင်ဆင်ပြီးဆယ်မိခန့်ထားပေးပါက အာနိသင်အပြည့်အ၀ရရှိစေသည်။
သံလွင်ဆီ
သံလွင်ဆီ၏ အဓိကကောင်းကျိုးမှာ အကျိုးပြုကိုလက်စထရော (HDL)ကိုမြှင့်တင်ပေးပြီး ဆိုးကျိုးပေး ကိုလက်စထရော (LDL)ကို လျှော့ချပေးသည်။ သံလွင်ဆီကို စားပွဲတင်ဇွန်း(၁)ဇွန်းခန့်နေ့စဉ် ထည့် စားပေးပါ။ သံလွင်ဆီဝယ်ယူလျှင် “virgin”၊“ extra virgin”၊ “ cold pressed ”စသည့် အညွှန်းစာတမ်း ပါဝင်သော အဆီများကို ရွေးချယ်ဝယ်ယူပြီး ကြိတ်၍ထွက်လာသော သံလွင်ဆီ၏ အာနိသင်အပြည့်အ၀ ရယူစားသုံးပါ။ “Light ”၊ “Extra Light ”စာတမ်းပါသော အဆီများသည် ပျော်ရည်များ (solvents)များရောနှောပါဝင်ပြီး အပူပေး ထုတ်လုပ်ရသောကြောင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ပျက်စီးသွားစေသည်။
ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းတွင် sulforaphane ကဲ့သို့ ဆာလဖာဒြပ်ပေါင်းများ ပါသောကြောင့် ကင်ဆာဆန့်ကျင် အာနိသင်ရှိသည်။ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ နှင့် အူမကြီးကင်ဆာများမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ ပန်းဂေါ်ဖီစိမ်းကို (၃)မိနစ်မှ (၄)မိနစ်ခန် ရေငွေ့ပေါင်းခံပြီး sulforaphane ဒြပ်ပေါင်းများစွာ ထွက်ရှိအောင် ပြင်ဆင်ပါ။
ဇော်ကို
Ref: RD
Health Updates Journal