မန္တလေးမှာချိန်ကိုက်မိုင်းလို့ ယူဆရတဲ့ပစ္စည်းတွေ့ 

ပို့စ်တင်ချိန် - 12/03/2013 09:02:00 AM

မန္တလေးမြို့၊ ဒိုင်းမွန်းပလာဇာ အောက်ထပ် ကားပါကင်မှာ
ချိန်ကိုက်မိုင်းလို့ ယူဆရတဲ့ ပစ္စည်းတစ်ခုကို ယနေ့ည ၇နာရီခွဲအချိန်မှာ
တွေ့ရှိခဲ့ပါတယ်။အဲ့သည်ပစ္စည်းကို ဒိုင်းမွန်းပလာဇာဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပြီး
သက်ဆိုင်ရာကို အကြောင်းကြားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့
မိုင်းရှင်းလင်းရေး တပ်ရင်း(၉၁၀)က မိုင်းရှင်းလင်းရေး တပ်မတော်သားတွေ ည ၇
နာရီ ၅၀ မိနစ်အချိန်မှာ ရောက်ရှိစစ်ဆေးခဲ့ပါတယ်။
Author ဆွေသက်မြင့်

Kumudra