ဆီးဂိမ်းလုံခြုံရေး မြန်မာ ရဲတပ်ဖွဲ့နှင့် အင်တာပိုလ် ပူးပေါင်းဆောင်ရွက်ခဲ့

ပို့စ်တင်ချိန် - 12/24/2013 02:56:00 PM


ဆီးဂိမ်းပြိုင်ပွဲ လုံခြုံရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ (INTERPOL-IMEST) အင်တာပိုလ် တို့ပူးပေါင်း ဆောင်ရွက် ခဲ့မှုများကို ဒီဇင်ဘာ ၂၀ ရက်က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ပြန်လည် သုံးသပ် ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ရဲမှူးကြီး အောင်ဌေးမြင့် နှင့် အင်တာပိုလ် အဖွဲ့ ခေါင်းဆောင် အကြီးတန်း အရာရှိနှင့် ကျွမ်းကျင်သူ Mr.Rastislaft Sasik တို့ တွေ့ဆုံကာ သတင်းအချက်အလက် ဖလှယ်နိုင်မှုများနှင့် နေပြည်တော်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် လာရောက်ကြသည့် ခရီးသည် ဦးရေ ၁၂၅၀၆၀ ကို မှတ်တမ်း အချက် အလက်များ (Database) နှင့် တိုက်ဆိုင် စစ်ဆေးမှုများ ဆွေးနွေးကြောင်း သိရသည်။
ဧရာဝတီ သတင်း