အဂတိလိုက်စားမှု ဖော်ထုတ်ရေးစီမံချက် သံတမန်တွေ အားပေးအားမြှောက်လုပ်နေဟု တူရကီဝန်ကြီးချုပ် စွပ်စွဲ

ပို့စ်တင်ချိန် - 12/23/2013 12:03:00 PM


တူရကီအစိုးရကို ဂယက်ရိုက်စေခဲ့တဲ့ အဂတိလိုက်စားမှု စုံစမ်းဖော်ထုတ်ရေး စီမံချက်မှာ နိုင်ငံခြားသံတမန်တွေ အားပေးအားမြှောက် လုပ်နေတယ်လို့ တူရကီဝန်ကြီးချုပ် တာရစ် အာဒိုဂန်က စွပ်စွဲလိုက်ပါတယ်။

ဝန်ကြီး ၂ ဦးရဲ့ သားတွေ အပါအ၀င် လူ ၂၄ ယောက် အဖမ်းခံခဲ့ရတဲ့ အဂတိ လိုက်စားမှုနဲ့ ပတ်သက်လို့ ခုလို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

Turkey 1ဒီ စီမံချက်မှာ ၀န်ကြီး ၂ ဦးနဲ့ အစိုးရပိုင် ဟော့ခ်ဘဏ်ဥက္ကဋ္ဌတို့ရဲ့ သားတွေ အပါအ၀င် လူ ၁၆ ယောက် အဖမ်းခံထားရတယ်လို့ တူရကီ မီဒီယာတွေမှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ် အာဒိုဂန်ကတော့ စီမံချက်ဟာ သူ့အစိုးရကို မကောင်းကြံဖို့ ညစ်ပတ်တဲ့ စစ်ဆင်ရေးလို့ သုံးနှုန်းပါတယ်။

အစိုးရလိုလားတဲ့ သတင်းစာတွေကတော့ ဟော့ခ်ဘဏ်နဲ့ ပတ်သက်တဲ့ အရေးယူမှုတွေမှာ အမေရိကန်သံအမတ်ကြီးက အားပေးခဲ့တယ်လို့ စွပ်စွဲ ရေးသားပါတယ်။

အမေရိကန်သံရုံးကတော့ စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

ဝန်ကြီးချုပ်ကတော့ သံအမတ်ကြီးတွေကို တာဝန်နယ်ပယ်ထက် ကျော်လုပ်ရင် တူရကီ အစိုးရရဲ့ တရားစီရင်ရေးနယ်ပယ်ထဲ ရောက်သွားနိုင်တယ်လို့ ဖုန်းဆက် သတိပေးခဲ့ကြောင်း ပင်လယ်နက်ခရိုင်က စီတန်း လှည့်လည်ပွဲအတွင်း ထောက်ခံသူတွေကို ပြောပါတယ်။

လာဘ်စားမှု သံသယရှိသူတွေကို ဖမ်းဆီးမှုတွေ စတင်ကတည်းက ခုထိ ရဲတပ်ဖွဲ့ အကြီးအကဲ ဒါဇင်ပေါင်း များစွာကိုလဲ ရာထူးက ဖယ်ရှားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့က တရားရုံးကနေ ပြန်လွှတ်ပေးဖို့ အမိန့်ပေးခံရတဲ့ ၃၃ ဦးထဲမှာတော့ မြို့တော် အစ္စတန်ဘူလ်နယ်မြေထဲက ခရိုင်ဝန်တယောက်နဲ့ သဘာဝ ပတ်ဝန်းကျင်ရေးရာ ၀န်ကြီးရဲ့ သားလဲ ပါတယ်လို့ တူရကီသတင်းစာတွေမှာ ဖော်ပြနေကြပါတယ်။
DVB Burmese