နယူးယောက်တွင် ရထာလမ်းချော်မှု ဖြစ်ပွား၊ (၄)ဦးသေဆုံး၊ (၆၀)ကျော် ဒဏ်ရာရရှိ

ပို့စ်တင်ချိန် - 12/02/2013 11:39:00 AM



တနင်္ဂနွေ့နေ့ညပိုင်းက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ရထာလမ်းချော်မှုတစ်ရပ် ဖြစ်ပေါ်ခဲ့ရာ (၄)ဦးသေဆုံးပြီး (၆၀)ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ လမ်းချော်မှု ဖြစ်ပွားရသည့်အကြောင်းကို စုံစမ်းစစ်ဆေးလျက် ရှိသည်။ (၁၁)ယောက်မှာ ဒဏ်ရာ ပြင်းထန်ကြောင်းလည်း သိရှိရသည်။ ရထားမှာ ပုံမှန်ထက် အရှိန်ပြင်းပြင်း မောင်းနှင်မှုကြောင့် ဖြစ်ကြောင်း ခရီးသည်တစ်ဦးက ပြောဆိုသည်။ ယခုအခါ ကယ်ဆယ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရှိရသည်။ မည်သည့်အတွက်ကြောင့် လမ်းချော်မှု ဖြစ်ပွားရကြောင်း သိရှိရခြင်းမရှိသေးသော်လည်း အချက်အလက် များကို သိမ်းဆည်းထားသည့် data recorder ကို တွေ့ရှိထားပြီ ဖြစ်ကြောင်း နယူးယောက်တိုင်းစ် သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

MOI Webportal Myanmar