ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ၂ဝ၁၈ ခုနှစ်တွင် ပြီးစီးရန် လျာထား

ပို့စ်တင်ချိန် - 12/09/2013 06:45:00 AM


Saturday, December 07, 2013

ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်း ဒေသကြီးတွင် တည်ဆောက်လျက် ရှိသည့် နိုင်ငံတကာ အဆင့်မီ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကြီးကို ၂ဝ၁၈ ခုနှစ်တွင် ပြီးစီးရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

''ဟံသာဝတီလေဆိပ်တည် ဆောက်ရေးလုပ်ငန်းဟာ လက်ရှိ အခြေအနေအရ မဖြစ်မနေဆောင် ရွက်ရမယ့် အရေးကြီးလုပ်ငန်း ဖြစ်ပါတယ်။ ဒါဟာ နောင်အရှေ့ တောင်အာရှမှာ အချက်အချာကြတဲ့ လေကြောင်း ပို့ဆောင်ရေး တစ်ခု မလွဲမသွေပေါ်ပေါက်လာ မှာဖြစ်ပါတယ်။ နောက်ပြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ Incheon လေဆိပ်ပေါ်မှာ အခြေ ခံတည်ဆောက်ထားပြီး ၂ဝ၁၈ ခုနှစ်မှာ အပြီး တည်ဆောက်နိုင်ဖို့ လျာထားလျက် ရှိပါတယ်''ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရုံးတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကြီးကို ၂ဝ၁၄ခုနှစ် နှစ်ဆန်းပိုင်းမှ စတင် တည်ဆောက်၍ ၂ဝ၁၈ ခုနှစ်တွင် ပြီးစီးရန် သက် ဆိုင်ရာမှ လျာထားလျက်ရှိပြီး တင်ဒါ အကောင်အထည် ဖော်ရေး စေ့စပ်ညှိနှိုင်းမှု အဖွဲ့အနေဖြင့် Incheon Airport Consortium လုပ်ငန်း အကောင် အထည်ဖော်ရေးနှင့် လေဆိပ် တည်ဆောက် ရေးအတွက် အခြေခံ လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အေသူ
မြ၀တီ