ဘင်္ဂလာဒေခ်ျ့မှ အသက်ကြီးဆုံး ရခိုင်အဖွားကြီး ကွယ်လွန်

ပို့စ်တင်ချိန် - 12/26/2013 01:51:00 PM


ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားမြို့ (ဖလောင်းချိတ်)၊ ဟင်းဈေးတန်းရပ်တွင် နေထိုင်သူ ရခိုင် လူမျိုးများအထဲမှ အသက်ရှည်ဆုံး ဒေါ်မငွေစိန် (၁၀၅) နှစ်သည် ယနေ့နံနက်က သက်ကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

ဒေါ်မငွေစိန်၏ ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့သည့်အနှစ် ၃၀ ခန့်က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊ သူမ သား ၃ ဦးစလုံးမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း၊ သူမသည် ကွယ်လွန်ချိန်အထိ ကြီးကြီးမားမား ရောဂါဖြစ်ပွားခြင်း မရှိခဲ့ကြောင်း၊ သူမတွင် မြေး ၁၃ ဦးနှင့် မြစ်များကျန်ခဲ့ကြောင်း မြေးဖြစ်သူ ကိုမောင်သန်းဝင်းက ပြော သည်။

ဒေါ်မငွေစိန်၏ ရုပ်အလောင်းကို  ယနေ့မွေးရက်ဖြစ်သည့် အတွက် မနက်ဖြန်မှ သင်္ဂြိုလ် မည်ဟု သိရသည်။
Burmesenews narinjara