ယခုရက်ပိုင်းမှစ၍ တစ်ပြည်လုံးအတိုင်းအတာ အအေးပေါ့မည်

ပို့စ်တင်ချိန် - 12/25/2013 10:45:00 AM

လွန်ခဲ့သည့်ရက်ပိုင်းက အအေးပိုမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယခုရက်မှစ၍ မြန်မာတစ်ပြည်လုံး အတိုင်းအတာနှင့် အအေးပေါ့မည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက် တာသန်းနိုင်က ဒီဇင်ဘာ ၂၃ ရက်က မဇ္ဈိမကို ပြောကြားလိုက်သည်။

ဒီဇင်ဘာ တတိယအပတ် ခန့်မှန်းချက်အရ ညအပူချိန်အခြေအနေမှာ စစ်ကိုင်းအထက်ပိုင်း၊ ကချင်ပြည် နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် အနည်းငယ်လျော့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိမည်ဖြစ်သည်။

“ဒီနေ့ ပုံမှန်လောက် ရှိသွားတယ်။ ညအပူချိန် ပြန်တက်လာပြီး ရက်ဆက်ကြာတော့ အေးတယ်လို့ ခံစား ရတယ်။ မှတ်တမ်းအရ နည်းနည်းပြန်တက်လာတယ်”ဟု ဦးသန်းနိုင်က ဆိုသည်။ ဒီဇင်ဘာ ၁၆ ရက်က အအေးပိုမည်ဟု ကြေညာခဲ့သေးသည်။

ဇန်န၀ါရီ၊ ဖေဖော်ရီလ ဆောင်းတွင်းကာလဖြစ်၍ အေးမည့်အခြေအနေ တစ်ကြိမ်လောက်ရှိသေးပြီး ရန်ကုန်မြို့တွင်နေထိုင်သူ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက “အရင်ရက်တွေ အရမ်းအေးတယ်။ နေ့ခင်းဘက်တောင် အနွေးထည်ဝတ်ထားရတယ်။ အခုတော့ အအေးလျော့လာတယ်လို့ ခံစားရတယ်”ဟု ပြောသည်။

ပြည်နယ်နှင့်တိုင်းတစ်ခုစီတွင် ပုံမှန် ဒီဂရီစင်တီဂရိတ် ရှိသည်။ မိုးလေ၀သမှတ်တမ်းများနှင့် နှစ် ၃၀ စာ နည်းလမ်းများ ရှာထားပြီး ယင်းကို ပုံမှန်ဟု သတ်မှတ်သည်။

၁၉၉၉ ခုနှစ်က လာနီညာရှိသည့်အတွက် တစ်ပြည်လုံးအတိုင်းအတာနှင့် စံချိန်တင်ခဲ့ပြီး ယခုအခါတွင် ယင်းအခြေအနေလောက် မရှိဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူးက ပြောသည်။

Mizzima Burmese