ထုထည် ကြီးမားသော ရေချိုများကို ပင်လယ်ကြမ်းပြင် အောက်တွင် သြစတြေးလျ သိပ္ပံပညာ ရှင်များ တွေ့ရှိ

ပို့စ်တင်ချိန် - 12/09/2013 07:30:00 AM


Sunday, 08 December 2013

တောင်အာဖရိက၊ မြောက်အာဖရိက၊ တရုတ်နှင့် သြစတြေးလျတို့၏ ကမ်းဦးရေတိမ်ပိုင်း ပင်လယ်ကြမ်းပြင် အောက်တွင် ဆားဓာတ်ပါဝင်မှု နည်းပါးသော ရေချိုထုထည် ကုဗကီလို မီတာ ၅ဝဝဝဝဝ ခန့်ကို ရှာဖွေတွေ့ ရှိခဲ့ကြောင်း သြစတြေးလျ နိုင်ငံရှိ Flinders တက္ကသိုလ်မှ သုတေသီများက ပြောကြားသည်။

ပင်လယ်ကြမ်းပြင် အောက်တွင် တွေ့ရှိခဲ့ရသည့် အဆိုပါ ရေချိုထုထည်သည် ၁၉ဝဝ ပြည့်နှစ်မှ စ၍ လွန်ခဲ့သော ရာစုနှစ်များအတွင်း ကမ္ဘာ့မြေ မျက်နှာပြင်မှ ထုတ်ယူရရှိခဲ့ သည့် ရေချိုပမာဏ ထက် အဆတစ်ရာခန့် ပိုမိုများပြားကြောင်း၊ ၄င်းရေချိုများသည် လက်ရှိတွင် တစ်စထက် တစ်စ လျော့နည်းလာသည့် ရေချိုအရင်းအမြစ်များကို အားဖြည့်ပေးနို င်ပြီး အနာဂတ်ကာလ အတွက် အကျိုးပြုနိုင်ကြောင်း သုတေသီတစ်ဦး ဖြစ်သူ ဗင်ဆဲန့်ပို့စ်က ပြောကြားသည်။

ယခုတွေ့ရှိခဲ့သည့် ရေချိုများသည် မိုးခေါင်ရေရှားမှု ဒဏ်ကို လျှော့ချရန်နှင့် ကမ္ဘာ့တိုက်ကြီး များတွင် ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရာ၌ အထောက်အကူ ပြုနိုင်ကြောင်း၊ လွန်ခဲ့သော ရာစုနှစ်များ အတွင်း လူများ၏ ရေပိုမိုသုံးစွဲမှု နှုန်းမှာ စိုက်ပျိုးရေး လုပ်ငန်းများနှင့် အသား ထုတ်လုပ်မှု လုပ်ငန်းများ ကဲ့သို့သော လုပ်ငန်းများတွင် အသုံးပြု ခဲ့ခြင်းကြောင့် ရေချိုသုံးစွဲမှု နှုန်းသည် လူဦးရေ ထူထပ်မှုနှုန်းထက် နှစ်ဆခန့်ပို၍ များပြားလာခဲ့ကြောင်း ကုလသမဂ္ဂ၏ ရေအရင်းအမြစ် ဆိုင်ရာ အေဂျင်စီမှ ထုတ်ဖော် ပြောကြား သည်။
မြ၀တီ