အကျဉ်းထောင်နှင့် စစ်ကြောရေးတွင် ကျဆုံးသွားသည့် နိုင်/ကျဉ်းများကို ဂုဏ်ပြုမည်

ပို့စ်တင်ချိန် - 12/31/2013 12:00:00 AM

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲဝင်ရင်း စစ်ကြောရေးနဲ့ ထောင်တွင်းမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ စွန်လွတ် အနစ်နာခံတာကို မမေ့မလျော့ အသိအမှတ်ပြုတဲ့ အနေနဲ့ ကျဆုံးတဲ့သူတွေကို ဂုဏ်ပြု မှတ်တမ်းတင်တဲ့ အခမ်းအနားကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

အင်းစိန်အကျဉ်းထောင် မြင်ကွင်း

အခမ်းအနားကို ဇန်န၀ါရီ ၂ ရက်နေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင် နှင်းဆီ ခန်းမမှာ ကျင်းပမယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) က တွဲဖက် အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။
ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်မှာ ယိုယွင်း နောက်ကျနေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်တယ်လို့ ယူဆတဲ့အတွက် ဂုဏ်ပြုပွဲကို လုပ်ရတာလို့ သူက ပြောပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း အကျဉ်းထောင်နဲ့ စစ်ကြောရေးမှာ သေဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသား ၁၆၆ ဦးရှိပြီး ပထမအကြိမ် အဖြစ် ၅၄ ဦး ရွေးချယ်ဂုဏ်ပြုသွားမှာဖြစ်သလို နောင်လည်း ဆက်လက် ဂုဏ်ပြုပွဲတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

DVB Burmese