မြန်မာဘက်က ၀င်လာသူ ၃၁ ဦးကို ပြန်ပို့

ပို့စ်တင်ချိန် - 12/25/2013 03:41:00 PM


မြန်မာဘက်ကနေ ဘင်္ဂလာဒေခ်ျ့သို့ တရားမ၀င် ၀င်ရောက်လာသူ မွတ်ဆလင် ဘင်္ဂလီ ၃၁ ဦးအား ယမန်နေ့က မြန်မာဘက်ကို ပြန်ပို့လိုက်သည်ဟု တက်ကနက် အခြေစိုက် ဘီဂျီဘီ အမှတ် (၄၂) တပ်ရင်းမှူးက ပြောသည်။

သူတို့သည့် တက်ကနက်မြို့နယ် နတ်မြစ် နယ်ခြား လမ်းကြောင်းများမှ တဆင့် တရားမ၀င် ၀င်ရောက်လာသူများ ဖြစ်ပြီး ၎င်းတို့အား ယမန်နေ့ နံနက် ၅ နာရီ အချိန်ထိ ပြုလုပ်သော စစ်ဆင်ရေး အတွင်း ဖမ်းမိသူများ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တရားမ၀င် ၀င်လာ၍ ပြန်ပို့ခံရသူများကို မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့မှ သိရှိခြင်း ရှိ/ မရှိ- ဖမ်းဆီးခြင်း ရှိ/ မရှိကို နိရဉ္စရာက အတည်ပြုနိုင်ခြင်း မရှိပါ။
Burmesenews narinjara