လယ်ဧက ၁၀၀ဝကျော် အသိမ်းခံရခြင်းကြောင့် မဓကျေးရွာ လယ်သမား ၇ဝကျော်၏နစ်နာမှုများ စုပေါင်းတင်ပြ

ပို့စ်တင်ချိန် - 12/31/2013 08:45:00 AM


========================================
ဇာခြည်လှိုင်
========================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ။ ။ လယ်ယာ မြေသိမ်းဆည်းခံရမှုများကို အ မြန်ဆုံးစစ်ဆေးဆောင်ရွက်ပေးရန်အတွက် သိမ်းဆည်းခံလယ် သမား ရဝကျော်က စုပေါင်း တောင်းဆိုသွားမည်ဖြစ်ကြောင်း လယ်သမားများထံမှ သိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း (၁၁၈)ရပ်ကွက် မဓကျေးရွာအ ပိုင် ကွင်းနံပါတ် ၄၇၄ရှိ လယ် သမားဦးရေ ရဝကျော်၏ လယ် မြေဧက ၁ဝဝဝကျော် သိမ်း ဆည်းခံရခြင်းကြောင့် စစ်ဆေး ဆောင်ရွက်ပေးရန်အတွက် သမ္မတကြီး၊ လယ်ယာမြေနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သက် ဆိုင်ရာဝန်ကြီးအပါအဝင် လယ် ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရခြင်းကြောင့် ပြည်သူ များ ထိခိုက်နစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မရှင် များအထိ အောက်တိုဘာအ တွင်းတွင်တိုင်ကြားခဲ့သော်လည်း စစ်ဆေးဆောင်ရွက်ပေးခြင်း တစ်စုံတစ်ရာမရှိသေးသည့်အ တွက် အမြန်ဆုံးစစ်ဆေးဆောင် ရွက်ပေးရန် စုပေါင်းတောင်းဆို သွားမည်ဖြစ်ကြောင်း သိမ်းဆည်း ခံလယ်သမားများကပြောသည်။

သိမ်းဆည်းခံလယ်သမား တစ်ဦးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းက ''ကျွန်မတို့ လယ်တွေ ကိုသိမ်းခဲ့ တာလဲကြာပါပြီ။ လျော်ကြေးဆို တာလဲလုံးဝမရတဲ့ အပြင် လယ် သမားအားလုံးလဲ ဒုက္ခရောက် ခဲ့ကြပါတယ်။ အဲဒါကို ခုအမြန် ဆုံးဆောင်ရွက်ပေးနိုင်အောင် တိုင်ကြားခဲ့ပေမယ့် ဘာမှမလုပ် ပေးသေး တဲ့အတွက် ခုလိုစုပေါင်း တောင်းဆိုသွားဖို့လုပ်ရတာ ပါ''ဟု ပြောသည်။

ယင်းမှဆက်လက်၍မိမိ တို့၏လယ်ယာမြေများကို အိုး အိမ်ဦးစီးဌာန၏ အမိန့်ကြော် ငြာစာဖြင့် ၁၉၉၃ခုနှစ်တွင် သိမ်းဆည်းခဲ့ကြောင်း၊ ယခု
အ ချိန် တွင် နာမည်မသိကုမ္ပဏီ တစ်ခုမှဝင်ရောက်ကာ ရေကန် တူးဖော်ခြင်း များ၊ မြေဖို့ခြင်းများ စသည့် လုပ်ငန်းစဉ်များကို ဒီဇင်ဘာ ၁၈ရက်မှစတင်ကာ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းကိုလည်း လယ် ယာမြေ စုံစမ်းစစ်ဆေးရေးကော် မရှင်မှ စုံစမ်းစစ်ဆေးဆဲကာ လအတွင်း ယင်းသို့ မပြုလုပ်ရန် အကြောင်း ကြားစာပို့ခဲ့ကြောင်း၊ သို့သော် လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေသည်ကို တွေ့ရှိရကြောင်း ပြောသည်။

လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခံ ရခြင်း ကြောင့် ပြည်သူများ ထိခိုက် နစ်နာမှုမရှိစေရေးစုံစမ်းစစ် ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်း က''ဒီမြေ တွေကစုံစမ်းစစ်ဆေးဆဲကာ လမို့လို့ အဆောက်အအုံရော အခြားအရာတွေပါ လုပ်ကိုင် ခွင့်မရှိဘူးဆိုတာ စာပို့ထားပါ တယ်။ ခုလဲအိုးအိမ်ဦးစီးဌာန ရယ်ကော်မရှင်ရယ်၊ အခြားသက် ဆိုင်တဲ့ဌာနတွေနဲ့ပူးပေါင်းပြီး ဖြေရှင်းဖို့ စုံစမ်းစစ်ဆေးတာ တွေလုပ်နေ ပါတယ်''ဟု ပြော သည်။

ယင်းမှ ဆက်လက်၍ အဆိုပါလယ်မြေများကို အိုး အိမ်ဦးစီးဌာနမှ စီမံကိန်းလုပ် ဆောင်ရန်အတွက် သိမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုခြင်းကြောင့် သေချာစွာစုံစမ်းစစ်ဆေးနိုင် ရန်အတွက် အိုးအိမ်ဦးစီး ဌာန နှင့်အတူ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း ယင်းကဆက် လက်ပြောသည်။

Yangon Media Group