ဥပဒေ နှင့်ဘဝများကြား လက်တစ်လုံးသာ ခြားသည်

ပို့စ်တင်ချိန် - 12/03/2013 07:59:00 PM


ပျောက်သောသူ ရှာလျှင်တွေ့ သေ သောသူ ကြာလျှင်မေ့ ဆိုသော်လည်း ခေတ် စနစ်နှင့် လူ့အခွင့်အရေး ဆုံးရှုံးမှု အောက် စိတ်ဒဏ်ရာ ဖြစ်နေသော ပြည် သူများ အဖို့ မမေ့နိုင်သော ဖြစ်ရပ် များစွာ အနက် ရခဲ လှသော လူ့ဘဝနှင့် အသက် ကို ကြက် ကလေး၊ ငှက်ကလေး များကဲ့သို့ သဘောထားကာ ဇီဝိန်ချွေ ခဲ့ကြသော လူ သတ်မှု များနှင့် ရာဇဝတ်မှု များကလည်း တငွေ့ငွေ့ လှိုက်လောင်နေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်း တစ်လျှောက် ရုပ်ဆိုး အကျည်း တန်လွန်းသော ဖြစ်ရပ် များက ကာလ ကြာရှည်သော်လည်း ပြည် သူများ၏ စိတ်ထဲတွင် မမေ့မပျောက် ရှိ နေဆဲ။

စိမ်းလဲ့ ကန်သာ ၅ လောင်းပြိုင် လူ သတ်မှုဟု ဆိုလိုက်တိုင်း ထိုအချိန် အခါ က တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ နှင့် အတူ ယှဉ်တွဲပြီး မြင်နေကြသည် မှာ အကြောင်း မဲ့တော့ မဟုတ်တန်ရာ။ ထို အချိန်က မြန်မာနိုင်ငံ ၏လုံခြုံရေး အခြေ အနေနှင့် အုပ်ချုပ်မှု ပုံစံအရ အဆိုပါပတ် ဝန်းကျင် အသိုက်အဝန်း သို့ ဝင်ဆံ့နိုင် သည့် လူတန်းစား ဆိုသည်က သီးသန့်ဆန် သည်က သေချာသည်။ ရုပ်ရှင်ထဲ မှာသာ မြင်ဖူးသည့် နာမည်ကျော် စစ်တပ်သုံး ၉ မမ ပစ္စတို သေနတ်ဖြင့် အနုကြမ်း ဝင်စီး ကာ အိမ်သားများ ကို သတ်သွား ခဲ့သည်ဟု ထိုစဉ်က သတင်း ထုတ်ပြန်ချက် များအရ သိခဲ့ကြသည် မဟုတ်ပါလား။

ထို အမှုဖြစ်ပွားခဲ့သည် က ၅ နှစ် ကျော်ခဲ့ပြီ။ ထိုသို့အချိန် များစွာ၏ နောက် ပိုင်း လက်ရှိ အစိုးရသစ် လက်ထက် ပြည် ထဲရေး ဒုဝန်ကြီးအား ဒီကိစ္စမှာ အသုံးပြု သွားတဲ့ လက်နက် အနေ အထားများနှင့် အခြေအနေတွေ အရ အရင်တုန်းက အကြီး အကဲ တစ်စုံတစ်ဦး သို့မဟုတ် အစိုးရနှင့် ဆက်စပ်မှုများ ရှိနေမလားလို့ ပြည်သူ အများစု ကထင်ကြေးပေး ကြကြောင်း၊ ယင်း အတွက် မေးမြန်းခဲ့ရာ ”အရင် အစိုးရနဲ့ ပတ်သက်ပြီး ဘာအထောက် အထားမှ မရ ဘူး။ အခု လက်ရှိက စုံစမ်း စစ်ဆေးနေတဲ့ ကာလဖြစ် တယ်။ ဥပမာ တစ်ခုခု အဲဒီလို သာ သိတယ် ဆိုရင် ဖော်ထုတ် လိုက်တာ ကြာပြီပေါ့။ အဲဒီတော့ ဒီဟာတွေဟာ စုံ စမ်း စစ်ဆေးနေတဲ့ ကာလဖြစ်တဲ့ အ တွက် ကြောင့် ဒါနဲ့ ပတ်သက်ပြီးတော့ လော လောဆယ် ဘာမှတော့ ပြောလို့မရသေး ဘူး” ဟု ဖြေခဲ့ဖူးသည်။

စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်ဟု ပြည်ထဲရေး ဒုဝန်ကြီးက ပြန်ဖြေခဲ့သည့် အတွက် နောက်ဆက်တွဲ အနေဖြင့် အခွင့် အရေးရ သလို ပြည်သူများက ထိုမေးခွန်း ကို ထပ်မေးနေ ကြဦးမည်က သေချာ သည်။ အဘယ့်ကြောင့် ဆိုသော် ထိုကဲ့သို့ သီးသန့် ဆန်သော အခြေအနေ တစ်ခုမှ ဘဝများပင် ယင်းကြမ္မာ ဆိုးမျိုး ကြုံခဲ့ရပြီး ယခု အချိန်ထိ တရားခံ မပေါ်ဘဲ ခြေရာ လည်းပျောက် ရေလည်း နောက်ဆဲဖြစ်ရာ သာမန် အဖုံးအဝှက် မရှိ ထွေးရောယှက် တင် ပြည်သူ့ဘဝ များအတွက် စိတ်ချ လုံ ခြုံမှု ဟူသည်ကို အကြောက် တရားဖြစ်နေ ခြင်းပင်။

ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော် ထွန်းကတော့ ”အဲဒါတော့ တောက်လျှောက် ပဲ။ ခုရတဲ့ အထောက် အထားတွေ ပေါ်မူ တည်ပြီးတော့ စစ်ဆေးနေတယ်။ ဒါပေမဲ့ အမှု တိုင်း အမှုတိုင်းကတော့ ပေါ်မယ် လို့လည်း ပြောလို့မရဘူး။ နိုင်ငံတကာမှာ လည်း အကုန်ပေါ်တဲ့ အမှုတွေ ရှိသလို မပေါ်တဲ့ အမှုတွေလည်း ရှိတယ်” ဟု ပြောသည်။

ပြည်ထဲရေး ဒုဝန်ကြီးက ဆက်ပြော ခဲ့သည်ကတော့ ”အဲဒီတော့ ဒီအမှုက တော့ ပျောက်ပျက် မသွားဘူးပေါ့။ အချိန် မရွေး ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်း စစ်ဆေး ထောက် လှမ်းနေတယ်။ သက်သေအ ထောက်အထားတွေ ခိုင်လုံရင် အားလုံး ဖော်ထုတ်လို့ ရပြီ ဆိုတဲ့ အချိန်မှာတော့ ကြေညာပေး မှာပေါ့။ အခု လက်ရှိ အနေ အထားအရတော့ စုံ စမ်း စစ်ဆေး ကာလပဲ ဖြစ်တယ်။ တချို့ ရန်ကုန်မှာ ရှိပါတယ်။ သုံးလောင်း ပြိုင် လူသတ်မှုတွေဆို ချက် ချင်းပေါ်တာပဲ။ အဲဒီတော့ အမှုတိုင်း ကတော့ အကုန် လုံးပေါ်မယ် ဆိုတာတော့ ပြောလို့မရ ဘူးပေါ့နော်။ စုံစမ်း စစ်ဆေးဆဲ ကာလပေါ့” ဟုပြောသည်။

ရှေ့နေများ ကွန်ရက်မှ ဦးကိုနီက မူ ”အမှုကြီးတွေ ဖြစ်တယ်။ တရားခံ မဖော် နိုင်ဘူး ဆိုရင် ပြည်သူ့ရဲ့ ဘဝဟာ အပူ အပင်ကြောင့်ကြမှု ကင်းကင်း နဲ့နေဖို့ အခွင့် အရေး မရနိုင်ဘူး ခင်ဗျာ။ ကျွန်တော် တို့ အမြဲတမ်း စိုးရိမ် သောကတွေနဲ့ပဲ နေရ တော့မယ်” ဟု ပေါ်ပြူလာနယူးစ်သို့ ပြော ခဲ့ဖူးသည်။

တရားခံ မဟုတ်ပါဘဲ တရားခံ အဖြစ် အတင်း ဇွတ်သွင်းခံလိုက်ရသည့် အဓမ္မမှု များသည်ရော မည်မျှ ရှိနေပါပြီ လဲ။ နှစ်ပေါင်းများစွာ အာဏာရှင် စနစ် အောက် နေခဲ့ရ သည့် ပြည်သူ့ဘဝများ အတွင်း ကြုံခဲ့ရသည်က မချိမဆံ့ များ ချည်းဟု ဆိုနိုင်စရာ အဖြစ်အပျက်များ၊ ဇာတ်လမ်းများက ဒုနှင့်ဒေး။

ယင်းအတွက် တစ်သက်တစ်ခါ ပေါ်လို့လာ ဆိုသကဲ့သို့ ရောင်နီသန်းလာ သော မျှော်လင့်ချက် ဒီမိုကရေစီခေတ် ဦးတွင် တရား မျှတမှုကို တောင်းဆိုခြင်း သည် ပြည်သူ များ ၏ မတော်လောဘ ဟု မယူဆသင့်ပေ။ မဟုတ် တန်ရာပါဘူး။ အာဏာရှင် စနစ်ရဲ့အကျိုးဆက်ကို အလူး အလိမ့် ခံစားခဲ့ရသည့် ”အဲဒီ အချိန်တုန်း က တရားဥပဒေ အကာ အကွယ် လုံးဝ မရခဲ့ဘူးဟု ဆိုလာသူက တစ်ချိန်က ABSDF ဗဟိုကော်မတီဝင် ဦးအေး ဖြစ်သည်။ သူသည် ထိုအချိန်က ABSDF နိုင်ငံရေး ပြန်ကြားရေး တာဝန် သာ ယူ ထားသူဖြစ်သည်။ သူက ထိုစဉ်က စစ် အစိုးရမှ ၁၇/၁၊ ၁၃/၁၊ ၁၉ (က)၆/၁၊ ၄(က) စသည့် ပုဒ်မများဖြင့် ပြည်အထူး တရားရုံး တွင် ထောင် ၂၃ နှစ်ချခံခဲ့ရ သည်။ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ အနောက် ပိုင်း ခရိုင်တရားရုံး များတွင် အဆိုပါ အမှု များနှင့်ပင် နောက်ထပ် ၄၂ နှစ်ပေါင်း ၆၅ နှစ် ချမှတ်ခံခဲ့ရသည်။

”ကျွန်တော့်ကို အပြစ်ပေးတာ အရမ်း ထူးဆန်းတယ်။ တရားရုံး တစ်ခုက အမိန့် ချပြီးသားကို နောက်ထပ် တရားရုံး တစ်ခု မှာ အမိန့်ချ လို့ မရဘူး ဒါပေမဲ့ ချခဲ့တယ်” ဟု ဦးအေး က သူ့အား အမိန့်ချမှု ပြင်း ထန်ကြောင်းကို ဆိုလိုက်သည်။

မြန်မာနိုင်ငံ တရား စီရင်ထုံး ပေါင်းချုပ် (၁၉၇၁-၂ဝ၁ဝ) စာအုပ်တွင် ကော်လံ ၁၉ဝ ၌ တူညီသော အကြောင်းခြင်းရာ တစ်ခုတည်း အပေါ် ထပ်မံ၍ တရားစွဲဆို ခြင်း မပြုရန် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၃ (၁) ဖြင့် တားမြစ် ထားသည်ဟု ပါရှိသည်။ မြန်မာနိုင်ငံ လက်ရှိ အခြေအနေတွင် လည်း တရား ဥပဒေ၏ ကာ ကွယ် ပေးခြင်း မခံရသလို ခံစားနေရကြောင်း ၄င်းက ထပ်မံဆိုသည်။

ပြည်သူတွေ အပြော များနေဆဲ ဖြစ် သည့် (စစစ) ရုံးပေါ်က ခုန်ချသတ် သေ သွားတဲ့ ရှမ်း တိုင်းရင်းသူလေး မနန်းဝိုးဖန် ကိစ္စ အပါအဝင် ဖြစ်သည်။ ဂျပန်နိုင်ငံ သား မစ္စတာ နာမဆဲ မိုတိုဟီကိုနှင့် ပေါင်းသင်း နေထိုင်သူ မနန်းဝိုးဖန်ကို ခင်ပွန်း သည်၏ ပိုင်ဆိုင်မှု ငွေကြေးနှင့် ဝယ်ယူ ထားသော မြေကွက် အကြောင်းကို စစ် ဆေးမေးမြန်း ရန် ဆိပ်ကမ်းသာလမ်း ရှိ (စစစ) ရုံးချုပ်သို့ ခေါ်ယူခဲ့သည်။ စစ်ဆေး နေစဉ် ကာလ အတွင်း မနန်းဝိုးဖန် မှာ အဆိုပါ ရုံးငါးထပ် အမြင့်ရှိ အဆောက် အအုံပေါ် မှ ပြုတ် ကျသေဆုံးသွားခဲ့သည်။ ယင်းကိစ္စ ကို တရား မျှတမှုရစေရန် ကျောက် တံတား ရဲစခန်းတွင် သေဆုံးသူ၏ မိသား စုမှ သွားရောက် အမှုဖွင့် တိုင်ကြား ခဲ့သော် လည်း အထက် ကို တင်ပြပေးမည်ဟုသာ ပြောဆိုခဲ့ပြီး အမှုဖွင့်ခွင့် မပေးခဲ့ပေ။ ယင်း ကိစ္စနှင့် ပတ်သက်ပြီး ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မည်သည့် သတင်းစာ ရှင်းလင်းမှုမျှ ပြုလုပ်ခဲ့ခြင်း မရိှ ချေ။

တရား လွှတ်တော် ရှေ့နေ ဦးကြီး မြင့်က ကိုယ့်ဟာကိုယ် သတ်သေသော တရားခံ မပေါ်သော အမှုများကိုသာ အမှု ပိတ်ခွင့် ရှိသည်။ သူများ သတ်၍ သေသော အမှုကို အမှု ပိတ်ခွင့် မရှိဘူး”ဟု ပြော သည်။

ဘယ်သူကမှ ကိုယ့်ရဲ့ သမိုင်း ကြောင်းကို အမည်းစက်နဲ့ မရှင်သန်စေ ချင်ပါဘူး။ သမိုင်း တရားခံ မဖြစ်ချင် ကြ ပါဘူး။ ဒါဆို မတရားမှုတွေ ကို သိသိကြီး နဲ့ ခွင့်ပြု လိုက်မယ် ဆိုရင်တော့ သမိုင်း တရားခံတွေ ဖြစ်နေမှာပါပဲ။ နောင်လာ နောက်သားတွေ က ဒီလို တရား လက်မဲ့ အမှုတွေကို ဘာဖြစ်လို့ ခွင့်ပြုခဲ့ကြတာ လဲလို့ပြန်မေး ရင် ဘယ်သူ့အပေါ် လွှဲချကြ မှာလဲ။

ရှေ့နေ ဦးကိုနီက”ဘာကြောင့် အမှု တွေ မပေါ်တာလဲ။ ဒါမှမဟုတ် အမှုတွေ မဖော် ထုတ်တာလား။ ဒါလည်း ကျွန်တော် တို့ ရှင်းရှင်းလင်းလင်း မသိဘူး။ သဘော က သိ လျက်နဲ့ မဖော်တာလား။ မသိကို မသိတာလား။ ဒါလည်း ကျွန်တော် တို့ မသိဘူး” ဟု ဝေဖန်သည်။

မြောက်ဥက္ကလာပ မြို့နယ် နွယ် သာကီ ၆ လမ်းတွင် လူတစ်ဦးအား လူ အများမှ မျက်နှာဖုံး စွပ်ပြီး ရုပ်ရှင်ဆန် ဆန် လူသတ်မှု မှာလည်း မြန်မာတစ်နိုင် ငံလုံးရှိ ပြည်သူ အများ ထိတ်လန့်ခဲ့ရ သည်။ ထိုဖြစ်စဉ် ကျူးလွန်သူဟု ယူဆ ရသူ ၂၃ ဦးကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဖမ်းဆီး ရမိခဲ့ပြီး ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံး တွင် ရုံးတင် စစ်ဆေးခဲ့သည်။ အဆိုပါ ရုံးတွင် ခိုက်ရန်ဖြစ် ပွားခဲ့သဖြင့် လုံခြုံရေး အရပြီးခဲ့သည့် နှစ် အကုန်တွင် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး သို့ပြောင်းလဲ စစ်ဆေးမှု ပြုလုပ်ခဲ့ သည်။ လက်ရှိ အချိန်အထိ အဆိုပါ အမှု မှာ ပြီးပြတ်ခြင်း မရှိသေးပေ။

”ကျွန်တော့် သက်တမ်းတစ် လျှောက် ကြုံတွေ့ဖူး တာကတော့ မပေါ်တဲ့ အမှု လုံးဝ မရှိဘူး။ မပေါ်တဲ့ အမှုတွေက တမင်မဖော်လို့ မပေါ်တာလား ဆိုတာ မေးခွန်း ထုတ် စရာ ဖြစ်လာတယ်” ဟု တရား လွှတ်တော်ရှေ့နေဦးကြီးမြင့်က ဆို သည်။

ဆက်လက်၍ ယခုကဲ့သို့ ကျူးလွန် သူ အမှန်မပေါ်ပေါက်သေးသော အမှုများ ရှိနေသရွေ့ မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိခြင်းမှာ အကောင်းဆုံး သာဓက များ ပင်ဖြစ်ကြောင်း ၄င်းကသုံးသပ်သည်။ ငါးလောင်းပြိုင် စိမ်းလဲ့ကန်သာ လူသတ်မှု၊ လူမိုက်များ ငှားပြီး အုပ်စုဖွဲ့ လူသတ်ခဲ့သော မြောက်ဥက္ကလာ လူ သတ်မှု၊ ညအချိန် မတော် လမ်းမများ တွင် အခွင့်ထူးခံ သောင်းကျန်းနေသော ပြိုင်ကားများ အမှု၊ မန္တလေးတိုင်း ဒေသ ကြီး၊ မန္တလေးမြို့၌ ညပိုင်းတွင် ဓားဖြင့် လိုက်ခုတ်မှု စသည် တို့ အပါအဝင် နိုင်ငံ တစ်ဝန်းတွင် နစ်နာခံ ရသူများက ခံရပြီး ကျူးလွန် သူများမှာ ဖမ်းဆီးမိသည် များ ရှိသကဲ့သို့ လွတ်မြောက်မှု များလည်း ရှိ နေဆဲပင်ဖြစ်သည်။ လွတ်မြောက်မှုများ တွင် ပုဂ္ဂိုလ်စွဲ မသတ်မှတ်ဘဲ မည်သူနှင့် ပတ်သက်သောကြောင့် မည်သူနှင့် မကင်းသောကြောင့် ဟူသော ဥပဒေ အထက် တက်နေခြင်း များကြောင့် ဟု ဆိုလျှင် ပြည် သူ့ဘဝသည် နောက်ကျော မလုံရုံသာမက စိတ်ချလက်ချ ရှိနေမည်မဟုတ်။ ကျီး လန့်စာစား ဘဝသာ ရောက်ရှိနေပြီး မတရား မှုကို တရား မှုက ကြောက်ရွံ့နေရမည့် ပုံပမာ ရှိနေဦးမည်သာ ဖြစ်သည်။

လက်ရှိ ထိုအမှု များသည် ရဲဘက် မှ ဖော်ထုတ်နိုင်မှု မရှိခြင်းမှာ အရည် အသွေး မပြည့်ဝ သည်လား။ ပြည့်ဝရန် အတွက် မဖြည့်တာလား ဟု မေးခွန်း ထုတ် စရာ ဖြစ်လာသည်။

ဖြူးမြို့၌ ခေါင်းဖြတ် သတ်ခံရ သော အမျိုးသမီးငယ် တစ်ဦး သေဆုံးမှုကို တိုင်း ရဲမှ ဖော်ထုတ်နိုင်ခြင်း မရှိသည့် အတွက် နေပြည်တော်ရှိ ရဲတပ်ဖွဲ့ ဌာနချုပ် ဆီသို့ အကူ အညီ တောင်းခံခဲ့သော်လည်း လချီ ကြာမြင့်ကာ ဌာနချုပ်မှ ယနေ့ အချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။ လက်ဗွေရာ ကို လဝက သို့ပေးပို့ စစ်ဆေးနေသည်ဟု သာ ရဲတပ်ဖွဲ့မှ လဝကသို့ လွှဲပြောင်းခဲ့ရ သည်။ ”ခေတ်မီ ကိရိယာတွေ လိုအပ်နေ သေးတဲ့ အချက်ထဲက ဖြစ်ရပ်တစ်ခု ဖြစ်သွားတာပေါ့။ နိုင်ငံတကာမှာ ရဲက မှုခင်း ဖြစ် ရပ်တွေ ဖော်ထုတ်တဲ့ အခါမှာ နည်း စနစ်တွေ ရှိပေမယ့် မြန်မာနိုင်ငံ မှာတော့ လက်အိတ်တောင် အနိုင်နိုင် ဖြစ်နေတယ်” ဟု ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးကြီး တစ်ဦး က ပြောသည်။

မျိုးရိုးဗီဇ DNA စစ်ဆေးသည့် လို အပ်သော ကိရိယာ များသည် ရာဇဝတ် မှုများကို စစ်ဆေးရာတွင် တိကျသေချာ သော အထောက် အထားများ ထုတ်ပေး နိုင်သော် လည်း ယင်းကဲ့သို့ အဆင့်မြင့် ပစ္စည်း များမှာ မြန်မာနိုင်ငံ၌ သုံးစွဲနိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့ လက်ရဲဇက်ရဲမှု များကို ဦး ကိုနီက ”ဒီလို လက်ရဲဇက်ရဲ လုပ်ရပ်တွေ ကို ပေါ်အောင် ဖမ်းရမယ်။ မိအောင်ဖမ်း ရမယ်။ ထိုက်သင့်တဲ့ အပြစ်ဒဏ် ပေးရ မယ်။ နောက်ပြီးရင် ဒီလို ရက်စက်လို့ ပြီးတော့ အပြစ်ပေး လိုက်ပြီ ဆိုတာ ပြည်သူလူထု သိအောင် ထုတ်ဖော်ပြော ရမယ်။ ဒါမှ ပြည်သူက ဒီလို လုပ်လို့ မရ ဘူးဆိုတာ အသိ ရှိမယ်။ လုံခြုံမှု အတော် အတန်ရှိမယ် ဆိုတာ သိမယ်။ အဲဒီလို အမှုတွေဖြစ်ပြီး မပေါ်တာ များလာတော့ ကျွန်တော်တို့ လူမှုဘဝလုံခြုံမှု မရှိဘူး ဆို တာပြောနေ တာပဲ” ဟု သုံးသပ် ပြောဆို သည်။

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး စစ်တမ်းများအရ ၂ဝ၁ဝ ခုနှစ် တွင် အမှုကြီး ၁ မှု၊ ခိုးမှု ၁၅ မှု၊ ကြိုတင်ကာ ကွယ်မှု ၁ မှုနှင့် အခြား အမှု ၂၄ မှု ကျန် ရှိနေသည်။ ၂ဝ၁၂ ခုနှစ် တွင်လည်း အမှုကြီး ၂၁ မှု၊ ခိုးမှု ၂၁၉ မှု၊ အခြား အမှု ၅၁၇ မှုတို့ဖြင့် အမှု ၇၇၇ မှု ကျန်ရှိနေ သေးသည်။

လက်ရှိ ၂ဝ၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ အထိ မဖော်ထုတ်နိုင်သေးသည့် လူသတ်မှု ၂ဝ၊ မုဒိမ်းမှု ၂၅ မှု၊ လုယက်မှု ၅ မှုနှင့် ဓားပြတိုက်မှု ၁ မှု စုစုပေါင်း အမှုကြီး ၅၁ မှု အပြင် ခိုးမှု ၁၂၃ မှုနှင့် အခြား အမှုပေါင်း ၂၃၇၄ မှုအထိ ရှိနေ သည်။ ထို အခြားအမှု များအနက် ၅၈၁ မှုမှာ စွဲချက် တင်ထားပြီး ၇ မှုကို ပိတ်သိမ်း ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင်ဖြူးမြို့၌ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွင် ဖြစ်ပွားခဲ့သော အမျိုးသမီး တစ်ဦး ခေါင်းဖြတ် သတ်ခံရမှုတွင်လည်း ကျူး လွန်သူ အမှန်ကို ယနေ့အထိ ဖမ်းဆီးနိုင်မှု မရှိသေးပေ။

ရဲတပ်ဖွဲ့ဝင် ၃၈ဝဝ ကျော် တာဝန် ထမ်းဆောင်လျက် ရှိသည့် တိုင်းတစ် တိုင်း အနေနှင့် မျက်နှာမလှခဲ့ပေ။

ထို့အတူ ရခိုင်ပြည်နယ် ကျောက် တော်မြို့နယ်၊ ပေါက်တော မြို့နယ်တို့ တွင် အသက် ၅ နှစ်အရွယ် ကလေးသူ ငယ်များ အသတ်ခံ ရခြင်းမှာလည်း တရား ဥပဒေ စိုးမိုးမှုမရှိခြင်းကို မျက်စောင်းထိုး လျက်ရှိသည်။

လူသတ် ဓားပြတိုက်သော ကိစ္စ များ မထူးဆန်းသလို ဖြစ်နေသော ဒေသ မြန်မာနိုင်ငံ တွင် ရှိနေသည်ကို ပြည်သူ များ အနေဖြင့် သိချင်စိတ် ရှိနေပါလိမ့် မည်။ ရေငတ် သူ ရေကြည် တစ်ပေါက် သောက်ချင် သကဲ့သို့ တရားဥပဒေ စိုးမိုး မှုမရှိသော အရပ်ဒေသ တွင် နေရသူများ အဖို့ ပိုမိုလို့ တရား ဥပဒေကို တောင့်တကြ မည်မှာလည်း အားလုံး အသိပင် ဖြစ် သည်။

”မူဆယ်ဈေးထဲ ကို နေ့ခင်းကြောင် တောင် သေနတ်ကိုင်ပြီး ရွှေဆိုင်ကို ဓားပြတိုက် သွားတယ်။ လူအစည်ကား ဆုံး ဈေးနေ့မှာ ဖြစ်သွားတာ။ နောက် ပိုင်းလည်း ၃ ရက်ဆက် တိုက် ဆိုင်ကယ် စီးလာတဲ့ သူတွေရဲ့ မျက်နှာကို ဓားနဲ့ ခုတ်ပြီးလုတဲ့ အမှုတွေလည်း မပေါ်သေး ဘူး။ မူဆယ်မှာ သေနတ် နဲ့ ပစ်သတ် တယ်။ ဓားပြ တိုက် တယ်။ နှစ်တိုင်း ဖြစ် နေကျ မြို့လယ်ခေါင်ဈေး မှာကို လာပြီး ဓားပြ တိုက်ကြတာ”ဟု မူဆယ် မြို့ခံ စိုင်း ရီက ပြောသည်။

အဆိုပါ မူဆယ် မြို့နယ်သည် တရုတ်နိုင်ငံ နယ်စပ်ဖြစ်သည့် အတွက် ရာဇဝတ်မှု အဖြစ် အများဆုံး ဒေသလည်း ဖြစ်ကြောင်း၊ ဒေသခံ များ အနေဖြင့်လည်း တရား ဥပဒေ စိုးမိုးမှု ၏ အရသာကို မခံ စားရကြောင်း၊ တရားခံ မိသည် ဆိုသည် မှာလည်း အလွန်နည်းကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

ယင်းကဲ့သို့ လူသတ် ဓားပြတိုက်မှု များကြောင့် ပြည်သူများ စိုးရိမ်သည့် အတွက် ယခုနှစ် အောက်တိုဘာလ နှောင်းပိုင်းတွင် နယ်စပ် ဒေသ များတွင် ရဲတပ်ဖွဲ့များ ထပ်မံ တိုးချဲ့ပေးရန် ရှမ်း ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမောင် က မူဆယ်ခရိုင် အတွင်း ဖြစ်ပွားနေသည့် လူသတ် ဓားပြ တိုက်မှု၊ အိမ် ထဲဝင်၍ သေနတ်ဖြင့် ပစ်သတ်မှု၊ မြို့ လယ်ကောင် ဈေးတွင် နေ့ခင်းကြောင် တောင် ဓားပြတိုက်မှု၊ နယ်စပ် ကုန်သွယ် ရေး စခန်းဂိတ် အဝင်ဝ အနီး တွင် သေ နတ်ဖြင့် ပစ်ခတ်မှု စသည့် ဒေသခံ ပြည် သူများ အထူး တုန်လှုပ် ချောက်ချားခဲ့ရ သည့် ရာဇဝတ်မှု များကို လွှတ်တော်တွင် တင်ပြခဲ့သည်။

နိုင်ငံတော်နှင့် ပတ်သက်သော လုပ် ငန်း မှန်သမျှ အကုန်လုံးသည် နိုင်ငံတော် ဘက်ကသာ အကုန် ထုတ်ပေးရမည်ဖြစ် ကြောင်း၊ ထိုအခြေအနေ အရ ရဲတပ်ဖွဲ့မှ မည် သည့် အတွက်ကြောင့် အကုန်ထုတ် ပေးရသည်ကို မသိကြောင်း၊ ပြည်ထဲရေး တွင် တာဝန်ရှိပြီး ရဲတပ်ဖွဲ့ကို ပြည့်စုံအောင် လုပ်ပေးရန် တာဝန် ရှိကြောင်း ဦးကိုနီ က ဝေဖန်သည်။

”ကျွန်တော်တို့ တရားခံ မပေါ်ဘူး ပြောတဲ့အခါမှာ သူတို့က ဘာမပြည့်စုံလို့ ပါလို့ ပြောတာက ဒီလိုပုံစံကို ကျွန်တော် တို့ လက်ခံလို့ မရဘူး။ ကျွန်တော် တို့က ပြည်သူတွေ။ ကျွန်တော် တို့ အခွန်ထမ်း ပြည်သူတွေ။ ကျွန်တော် တို့က နိုင်ငံ တော် ဘဏ္ဍာ တိုက်ထဲကို ပိုက်ဆံထည့် ပေးနေတယ်။ အဲဒီ ပိုက်ဆံတွေနဲ့ ရဲတပ် ဖွဲ့က ကျွန်တော် တို့ကို ပြန် ကာကွယ်ပေး နေတယ်။ ကျွန်တော်တို့က ပိုက်ဆံ မှန်မှန် ထည့်ပေးနေတယ်။ အဲဒါကို စားသုံးနေတဲ့ ရဲတပ်ဖွဲ့ကျတော့ ကျွန်တော် တို့ရဲ့ လုံခြုံ မှုကို လုပ် မပေးနိုင် တာကိုတော့ ဘယ်လို မှလက်ခံလို့ မရဘူး”ဟု ၄င်းက ထပ်လောင်း ဝေဖန်သည်။

နယ်စပ်ဒေသ အစိုးရ ဝန်ထမ်းများ က ပြည်သူ့ဘဝ လုံခြုံရန် တရား ဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ထိထိရောက် ရောက် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ မိမိ တို့၏ အသက်ဘေး အန္တရာယ် မထိခိုက် စေရန် ဂရုတစိုက် ဆောင်ရွက်နေရကြောင်း ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုး ရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

”တရားဥပဒေ စိုးမိုးမှု အတွက် ပြည် သူတွေရဲ့ဘဝ လုံခြုံမှုကို မပြောနဲ့ တကယ် ကို အာဏာပိုင်တွေ ဖြစ်တဲ့ အုပ်ချုပ်ရေး ပိုင်းတို့ တကယ်ကို တရားစီရင်ရေး အပိုင်း ဖြစ်တဲ့ တရား သူကြီးတို့၊ တကယ်ကိုယ့် လုံခြုံရေး အပိုင်းယူထားတဲ့ ပြည်သူ့ရဲတို့ ပင်လျှင် သူတို့ ရဲ့ပြောစကားပေါ့။ သူတို့ လည်း သူတို့ရဲ့ လုံခြုံရေးကို ကြည့် ပြီးတော့ လုပ်ကိုင် နေထိုင်နေကြတယ်” ဟု ၄င်းက ပြောသည်။

အောက်တိုဘာ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီဝင်များ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် နှင့် မြို့နယ် ရဲစခန်းများ၊ ထွေ/အုပ် ရုံးနှင့် တရားရုံးများကို ပြည်သူ များ၏ တိုင်ကြား ချက် များ အရ သွားရောက် စစ်ဆေးဆွေး နွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်း ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

”ပြည်သူတွေ ကရော၊ နယ်ခံ လွှတ် တော် ကိုယ်စားလှယ်တွေ ကရော၊ နောက် အုပ်ချုပ်ရေး အာဏာပိုင်တွေရော၊ ထွေ/ အုပ်တင်မက တရား စီရင်ရေး အာဏာ ပိုင် တွေရော၊ လုံခြုံရေး ယူထားတဲ့ ပြည်သူ့ရဲ အပိုင်းကရော အားလုံးက ညှိနှိုင်းပူး ပေါင်း ဆောင်ရွက်မှ ရမှာ။ အားလုံးက တရားဥပဒေ စိုးမိုးရေး အတွက် ပါဝင် ပူး ပေါင်းဆောင်ရွက် မှရမှာ။ အားလုံးက ပူး ပေါင်း မဆောင်ရွက်ကြဘူး ဆိုရင် ဝတ် ကျေတန်းကျေပဲ ဆောင်ရွက်မယ် ဆိုရင် အဲဒီ ဘက်တွေက တရားဥပဒေ စိုးမိုးရေး အ တွက် အခက်အခဲ ရှိသေးတယ်” ဟု ၄င်းက ပြောသည်။

နယ်စပ် မြို့များတွင် တရားဥပဒေ စိုးမိုးရေး အတွက် အထူး အစီအစဉ် ရေး ဆွဲ အကောင် အထည်ဖော်ရန် ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို တင်ပြပြီး အုပ်ချုပ်ရေး အာဏာပိုင် များကို တိုက် တွန်းသွားမည်ဟု ၄င်းက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ ဘက်စုံအဆင့် မြှင့်တင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော် တွင် မကြာခဏ မေးခွန်း မေးမြန်းလေ့ရှိ သည့် တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက အနိမ့် ဆုံး ရဲတပ်ဖွဲ့ဝင် များ၏ လစာငွေ ၆ဝဝဝဝ ကျပ်သာ ရှိသည့် အတွက် တိုးမြှင့်ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် ရဲဝတ်စုံ အသုံး အဆောင် များကိုလည်း နိုင်ငံတော်က တစ်နှစ်နှစ်ကြိမ် ခန့်သာ ထောက်ပံ့ပေး သည်မှာလည်း နည်းနေသေးကြောင်း ပြောသည်။

”စားဝတ်နေရေး အဆင်မပြေရင် ကိုယ် တာဝန်ကျေဖို့ ဆိုတာ မလွယ်ပါ ဘူး။ အောက်ခြေ ရဲတပ်ဖွဲ့ဝင်တွေ ရဲ့ အမျိုးသမီးတွေ ဆို ပြည်သူတွေ ရဲ့ အိမ် မှာ အဝတ်တွေ လိုက်လျှော်နေတာ တွေ့ နေရတာပဲ။ အခုခေတ် ကုန်ဈေးနှုန်းနဲ့ သူ တို့တွေရဲ့ ကလေးတွေဆို ကျောင်းတက် ဖို့တောင် လွယ်တာ မဟုတ်ဘူး။ မိသားစု အရေး အဆင် မပြေရင် တာဝန်လစ်ဟင်း မှုတွေ အနည်းနဲ့ အများဖြစ်မှာပဲ”ဟု ပြော သည်။ ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် ရဲတပ်ဖွဲ့ဝင် များအတွက် လုံလောက်သော ဘတ်ဂျက်ငွေ များ တောင်းခံ သင့်ကြောင်း၊ လွှတ်တော် အနေဖြင့် အခြေခံ အဆောက်အအုံ များတည်ဆောက်ရေး တွင် အမှန် တကယ် လိုအပ်နေသည့် အတွက် ဖြတ် တောက်ခြင်း မပြုဘဲ ခွင့်ပြုပေးကြောင်း ၄င်းက ပြောသည်။

အစိုးရ အနေဖြင့် ပြည်သူများ၏ ယုံကြည်မှုကို တည်ဆောက်ရာတွင် အပြော သက်သက်သာ မဟုတ်ဘဲ အလုပ်နှင့် လည်း သက်သေပြ ရပေတော့မည်။ ပြည် သူများက အစိုးရကို အထင် အမြင်သေး စေခဲ့သော လုံခြုံမှု မရှိသော စိတ်နှလုံး ညှိုးငယ်ခဲ့ ရသော ခံစားချက်များကို စိတ် ထဲတွင် ဖြစ်ပေါ်စေခဲ့ သည့် ရာဇဝတ်မှု များ ကို ဖော် ထုတ်နိုင်မှသာ ပြည်သူများ ၏ ဘဝသည် အေးချမ်း တည်ငြိမ်လာမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံသား အများစုမှာ စစ်အစိုးရ လက်ထက် အာဏာ အငွေ့အသက်အောက် တစ်လျှောက် လုံးတွင် တရားဥပဒေ ရှိခဲ့သော် လည်း ကျောသား ရင်သား ခွဲခြားခံခဲ့ ရမှုများ သာမက ဥပဒေဟူသည် လိုတစ်မျိုး၊ မလိုတစ်မျိုး အဓိပ္ပာယ် လိုရာဖွင့်ဆို လုပ် ဆောင်နိုင်သည့် ကြိုးဆွဲရာ ကရသော ရုပ်သေးရုပ် များ လည်း ဖြစ်ခဲ့ပြီးပါပြီ။

အရပ်သား အစိုးရဟူ၍ ဒီမိုကရေစီ ဦးတည်ချက်နှင့် အတူ အသစ်ဖြစ်ထွန်း လာသော လက်ရှိ အစိုးရ၏ သက်တမ်း အတွင်းတွင် လည်း ထိုနည်းလည်းကောင်း ဟုသာ ဆိုပါက ပြည်သူ အတွက်တော့ မျော့မျော့ သာကျန်၊ ခံနိုင်ရည်လည်း နည်း ကြတော့မည် ဖြစ်သည်။

သန့်ရှင်းသော အစိုးရ၊ ကောင်းမွန် သော အုပ်ချုပ်မှု ဟူသော အင်မတန် ကောင်းမွန်သော စကားဖြင့် တာထွက် လှခဲ့သော အစိုးရ၊ ဟာကွက် ချို့ယွင်းချက် များ ရှိနေသော တည်ဆဲဥပဒေများ၊ အကျင့် ပျက်ခြစားခြင်းနှင့် အသား ကျနေသော အုပ်ချုပ်မှု ယန္တရား၊ ဝမ်းစာ လိုအပ်ချက် မပြည့်မီအောင် လက်ဝါးကြီး အုပ်ထိန်းချုပ် ကန့်သတ်မှု များကြောင့် စိတ်ဓာတ်ပျက် ပြားချည့်နဲ့နေသော ပြည်သူ၊ အာဏာနှင့် အသပြာ အကာအကွယ်ယူ၍ လက်ခ မောင်းခတ်နေကြသော တောကြောင်နှင့် မင်းသား ခေါင်းဆောင်းထားသော လူ့ဘီလူး များ။

ဤသို့ဖြင့် သန့်ရှင်းသော အစိုးရ နှင့် ကောင်းမွန်သော အုပ်ချုပ်မှု ဟူသော စကားအတွက် မည်သို့ သက်သေပြကြ မည် ဆိုသည်ကိုတော့ မျက်နှာ မလိုက် သော သမိုင်း ၏ ပိတ်ကားထက်တွင် ဆက် လက် ရှုစားရန်သာ ရှိပါတော့သည်။

စိုင်းနောင်၊ စိုင်းလမင်း
Popular Myanmar News Journal