ပန်းသီး စားခါနီးရင် သတိထားပါ

ပို့စ်တင်ချိန် - 12/03/2013 07:14:00 PM


ပန်းသီး အခွံတွေပါ စားတတ်တဲ့ သူတွေအဖို့ သတိထားရမယ့် အချက် ဖြစ်ပါတယ်။ ပန်းသီးတွေရဲ့အခွံကို ဖယောင်းတွေ သုတ်ထားလေ့ ရှိတယ် ဒါကြောင့် ဘယ်အသီးပဲ စားစား မစားခင် အရင် စစ်ဆေး ကြည့်ပါ ။

ဖယောင်းကို အအေး ခံနိုင်အောင်နဲ့ Preservation ( တာရှည်ခံ နိုင်ရန် ရည်ရွယ်ချက်ဖြင့် ) အနေနဲ့ အသုံးပြု ကြပါတယ် ။အထူးသဖြင့် မြန်မာနိုင်ငံ မှာတော့ သိပ်မသိသာ ပေမယ့် အနောက်နိုင်ငံ တွေမှာ တစ်နှစ်ထက် ခံအောင်ဆိုပြီး အသီးတွေကို ဒီလိုနည်းတွေနဲ့ အသုံးပြု ကြပါတယ် ပုံသဏ္ဍန် အရ ကြည့်မယ် ဆိုရင်လည်း တောက်ပြောင်နေပြီး လတ်ဆတ်နေအောင် ဖြစ်ပါတယ် ။ Becox wax ကို သုတ်လိမ်း ထားရင် ဘတ်တီးရီးယား တွေကို မ၀င်အောင်လည်း ကာကွယ် ပေးနိုင်ပြီး ခြောက်သွေ့ခြင်းလည်း မဖြစ်ပေါ် စေပါဘူး ။ဒါကြောင့် ပုံမှာ ပြထားတဲ့ အတိုင်း ပန်းသီးမစားခင် ဖယောင်းတွေကို အရင်ခြစ်ထုတ် ပစ်ကြပါ။

ဒီစာလေးကိုလည်း မသိသေးသူများကိုမျှဝေပေးကြပါ။ အထူးသဖြင့် USA လို အနောက်နိုင်ငံ တွေမှာ ဒီနည်းလမ်းကို အသုံးများပါတယ် ။

သက်တန့်ချို