နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ​နှင့် ၀ိုင် ​ရောင်း​ချ​မှု ​စီး​တီး​မတ် ​ရပ်​ဆိုင်း

ပို့စ်တင်ချိန် - 12/10/2013 03:55:00 PM


ပြီး​ခဲ့​တဲ့​ရက်​ပိုင်း ​သာ​ကေ​တ ​မြ​မာ​လာ​လမ်း​က ​ဂို​ဒေါင်​တ​ခု​မှာ ​နိုင်​ငံ​ခြား​က ​တင်​သွင်း ​လာ​တဲ့ ၀ိုင်​ပု​လင်း ၉ သောင်း​နီး​ပါး​နဲ့ ​အ​ရက်​ပု​လင်း ၁ ​ထောင်​ကျော် ​ဖမ်း​ဆီး ​စစ်​ဆေး ​ခံ​နေ​ရ​တာ​နဲ့ ​ဆက်​စပ်​ပြီး ​စီး​တီး​မတ် ​ဟိုး​ဒင်း​ကု​မ္ပ​ဏီ​ဟာ ​သူ​ကုန်​တိုက်​တွေ​က​နေ ​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နဲ့ ​စီး​က​ရက်​အား​လုံး​ကို ​ဖယ်​ရှား​လိုက်​ပြီး ​ရောင်း​ချ​ခြင်း​ကို​လည်း ​ရပ်​ဆိုင်း​ထား​လိုက်​ပါ​တယ်။

ဆိုင်​ခွဲ ၅၀ ၀န်း​ကျင်​ရှိ​တဲ့ ​စီး​တီး​မတ် ​အ​ရက်​နဲ့ ​ဘီ​ယာ​ကောင်​တာ​တွေ​မှာ ​မ​နေ့​က​စ “​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ​စီး​က​ရက်​နှင့် ၀ိုင်​များ ​ရောင်း​ချ​ခြင်း​ကို ​ခေ​တ္တ ​ရပ်​ဆိုင်း​ထား​ပါ​သည်။ ​အ​ဆင်​မ​ပြေ​မှု​များ​အ​တွက် ​တောင်း​ပန်​အပ်​ပါ​သည်။” ​ဆို​တဲ့ ​စာ​တန်း​လေး​တွေ ​ချိတ်​ဆွဲ​ထား​တာ ​တွေ့​မြင်​ကြ​ရ​ပါ​တယ်။

အ​လား​တူ ​မြို့​လယ် ​ဧ​ရိ​ယာ​တွေ​မှာ ​ဖွင့်​လှစ်​ထား​တဲ့ ​အ​ရက်၊ ​ဘီ​ယာ​နဲ့ ၀ိုင် ​သီး​သန့် ​အ​ရောင်း​ဆိုင်​တွေ​ဟာ​လည်း ​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ​နဲ့ ၀ိုင်​တွေ​ကို ​ဖယ်​ရှား​ထား​ပြီး ၀ယ်​သူ​လာ​မှ ​သိုဝှက်​ထား​တဲ့ ​နေ​ရာ​တွေ​က​နေ ​သွား​ယူ​ရောင်း​ချ​ပေး​တာ​မျိုး ​ပြု​လုပ်​လာ​ကြ​ပါ​တယ်။

အ​စိုး​ရ​ဟာ ​နိုင်​ငံ​ခြား​က​နေ ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နဲ့ ​စီး​က​ရက် ​တင်​သွင်း​ခွင့်​တွေ​ကို ​အ​ရင် ​စစ်​အာ​ဏာ​ရှင်​တွေ ​လက်​ထက်​က​တည်း​က ​ပိတ်​ပင်​ထား​ခဲ့​တာ ​ဒီ​နေ့​အ​ထိ ​ဖြစ်​ပါ​တယ်။

ဟို​တယ်​တွေ​ရဲ့ ​တင်​ပြ​ချက်​နဲ့ ​သွင်း​ကုန်​လိုင်​စင် ​အ​နည်း​အ​ကျ​ဉ်း ​ထုတ်​ပေး​တာ​က​လွဲ​ပြီး ​ကုန်​တိုက်​နဲ့ ​အ​ရောင်း​ဆိုင်​တွေ ​ရောင်း​ချ​သ​မျှ ​အား​လုံး​ဟာ ​မှောင်​ခို ​သွင်း​လာ​တာ​တွေ ​ချည်း ​ဖြစ်​ပါ​တယ်။

By ဒီဗွီဘီ