အသားတိုးကြက်မွေးမြူရေး စနစ် ထိုင်းသို့သွားရောက်လေ့လာမည်

ပို့စ်တင်ချိန် - 12/28/2013 01:15:00 AM


=======================================
အာကာစိုး
=======================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။ ။ အသား တိုးကြက်မွေးမြူရေး ဖွံ့ဖြိုးတိုး တက်ရေးအတွက် အရင်းအနှီး ကူညီထောက်ပံ့ရေး ဆိုင်ရာ နည်း စနစ်များ ကို ထိုင်းနိုင်ငံသို့သွား ရောက်လေ့လာ မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

လက်ရှိ ပြည်တွင်းကုမ္ပဏီများနှင့် မွေးမြူရေးလုပ်ငန်းရှင် များအကြား ကန်ထရိုက်စနစ် ဖြင့် မွေးမြူရေးလုပ်ငန်းများ ပူး ပေါင်းဆောင်ရွက်လျက်ရှိပြီး အသေးစား မွေးမြူရေးလုပ်ငန်း ရှင်များအား ထိုင်းနိုင်ငံ၏အရင်း အနှီး အထောက်အပံ့ရရှိရေး အတွက် ဆောင်ရွက်မှုများအား သွားရောက်လေ့လာမည်ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းစိန်က ''မြန်မာ စီပီ က ယိုး ဒယားမှာ သူတို့တောင်သူတွေ ကို ဘဏ်စနစ်ကနေ ထုတ်လုပ် သူတွေရော၊ မွေးမြူတဲ့သူတွေ ရော ဘယ်လိုပံ့ပိုးပေးတယ်ဆို တာ သွားရောက်လေ့လာဖို့ ကမ်း လှမ်းထားပါတယ်''ဟု ဆိုသည်။

မွေးမြူရေးလုပ်ငန်းများ အတွက် အရင်းအနှီးများထုတ် ပေးထား သည့် အတွက် မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူများအ တွက် အာမခံချက်နှင့် ဈေးနှုန်း တည်ငြိမ်မှုများ ရရှိနိုင်ကြောင်း သိရသည်။

မွေးအဖွဲ့ချုပ်အကြံပေး ဒေါက်တာသန်းလှက ''ထိုင်းမှာ က မွေးမြူရေး လုပ်ငန်းတွေအ တွက် ပါဖော့မန့်ဂရမ်တီနဲ့ပရိုက် ဂရမ်တီဆိုပြီးရှိတယ်။

လက်ရှိ စီပီက ပါဖော့မန့်ဂရမ်တီကို သုံး တယ်။ အကျိုးအမြတ်အများ ကြီးမပေးဘူး။ ရှုံးအောင်လဲ မလုပ်ဘူး။ ပါဖော့မန့်ဂရမ်တီ က ကြိုးစားရင် ကြိုးစားသ လောက် အကျိုးအမြတ်ရတယ်။ ပါဖော့မန့်ကျသွားရင် အကျိုး အမြတ်နည်းသွားမယ်။ပရိုက်ဂရမ်တီကမွေးတဲ့သူက အေး အေးဆေးဆေးမွေး ရုံ ပဲ။ အကျိုး အမြတ် ရဖို့ အာမခံချက်ရှိတယ်'' ဟု ဆို သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် အသုံးပြုလျက်ရှိသော ပရိုက် ဂရမ်တီသည် ကုမ္ပဏီများက မွေးမြူရေး လုပ်ကိုင်သူများအ တွက် ထုတ်လုပ်မှုစရိတ် ဘတ် ၂၆ဝဝရှိပါက ပုံမှန်ဈေးနှုန်းအ ဖြစ် ဘတ်၂၈၀၀ သတ်မှတ်ပေး ထားသဖြင့် မွေးမြူရေးလုပ်ကိုင် သူများအတွက် ပုံမှန်အကျိုးအ မြတ် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မွေးမြူရေးလုပ်ငန်းများတွင်ပရိုက်ဂရမ်တီရှိသဖြင့် မွေး မြူရေးလုပ်ငန်းရှင်များအနေ ဖြင့် ဘဏ်များမှ အရင်းအနှီး အတွက် ချေးငွေများ ရရှိနိုင် သဖြင့် လက်ရှိပြည်တွင်းမွေးမြူ ရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ပါက မွေးမြူရေးလုပ်ငန်းတိုးတက်မှုအတွက်အထောက်အကူပြုစေမည့်စနစ်ဖြစ်ကြောင်း ပြည်တွင်း မွေးမြူရေးလုပ်ငန်း ရှင်များက ဆိုသည်။

Yangon Media Group