ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၆)ဦး လာရာလမ်းအတိုင်း ပြန်လည်စေလွှတ်

ပို့စ်တင်ချိန် - 12/20/2013 03:26:00 PM


စစ်တွေ ဒီဇင်ဘာ ၁၈

သံတွဲမြို့နယ်တွင် ခေတ္တထိန်းသိမ်းထားရှိသော ရေမျောကမ်းတင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၆)ဦးသည် F.B FARZ- AN SHARMIN ဖြင့် မြန်မာပင်လယ်ပြင်တွင် စက်ပျက်၍ မျှောပါရာမှ သံတွဲမြို့နယ်တွင် ခေတ္တထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

ယင်းစက်လှေမှာ ပြုပြင်၍မရလောက်အောင် ပျက်စီးခဲ့၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ အစီအစဉ်ဖြင့် ကျောပိုက် နောက်တွဲ စက်လှေ အလျား ၄၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၉ ပေခန့်ရှိသော သစ်သားကိုယ်ထည်၊ ၂၅ ကောင်အား အင်ဂျင်ဖြင့်အစားထိုး၍ ၁၄.၁၂.၂၀၁၃ ရက်နေ့ က ကျောက်ကလပ်ကျေးရွာမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကောဘဇားမြို့ သို့ ပြန်လည်စေလွှတ်ခဲ့ပြီး ယင်းတို့ အတွက် ဆန်၊ ဆီ၊ ဆားနှင့်အခြားလိုအပ်ချက်များပါ ထောက်ပံ့ပေးခဲ့သည်။

ယင်းအဖွဲ့သည် ၁၆.၁၂.၂၀၁၃ ရက်နေ့တွင် မြေပုံမြို့နယ် မင်းချောင်းကျေးရွာအနီး ပင်လယ်ပြင်တွင် ရောက်ရှိနေ ကြောင်းသိရှိရ ၍ မြေပုံမြို့နယ်ရဲစခန်းမှသွားရောက်ခေါ်ယူ၍ ပြင်ဝင်းကျေးရွာသို့ခေါ်ဆောင်ခဲ့ပြီး လိုအပ်ချက်များ စစ်ဆေး ဆောင်ရွက်ခဲ့သည်။

စက်နှင့်လိုအပ်သည့်ရိက္ခာများ ထပ်မံဖြည့်စည်း၍ ၁၇.၁၂.၂၀၁၃ ရက်နေ့ တွင် မြေပုံမြို့နယ်မှ မိုင် ၂၀ ခန့် အကွာ ဘင်္ဂလားပင်လယ်အော်သို့ မြို့နယ်ရဲတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ လိုက်လံ ပို့ဆောင် ပေးခဲ့ကြောင်း သိရှိ ရသည်။

ရခိုင်ပြည်နယ်
MOI Webportal Myanmar