မြန်မာ ၁ _ ၁ ထိုင်း

ပို့စ်တင်ချိန် - 12/15/2013 12:10:00 PM


Sea Games မှာ မြန်မာအသင်းကိုအားပေးနေတဲ့ အိမ့်ချစ် B.Sox နဲ့ နန်းသူဇာ / Photo-ရုပ်ရှင်ဂီတ ချစ်သူများ
မြန်မာဘောလုံး ငွေခေတ် နောက်ပိုင်း မြန်မာ့လက်ရွေးစဉ် အသင်းရဲ. အကောင်းဆုံး ပွဲတစ်ပွဲကို မြန်မာ ပရိသတ်များ ကိုယ့်မြေ ကိုယ့်ကွင်းမှာ ရှုစားရတဲ့ အခွင့်အရေး ဖြစ်တယ်လို. ပြောရမှာ ဖြစ်ပါတယ်။

တစ်ဦးချင်း ဘောလုံးစွမ်းရည်နဲ. ကစားကွက် တည်ငြိမ်မှုမှာ ထိုင်းအသင်းထက် အားနည်းပေမယ့် အိမ်ရှင်အသင်းဟာ ပထမပိုင်းမှာ တန်ပြန် တိုက်စစ်တွေနဲ. ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မြန်မာ ကစားအား ကျသွားပြီး ခံစစ်ကို ဦးစားပေး ကစားနေရပါတယ်။ အချိတ်အဆက် လွဲနေခဲ့သလို ဘောလုံး ဆုံးရှုံးမှု ပထမပိုင်းထက် ပိုများခဲ့ပါတယ်။

ပွဲပြီးဖို. ၅ မိနစ် အလိုမှာ မြန်မာအသင်း ပြစ်ဒဏ်ဘောတွေ ပေးရတာ များလာနေပြီး ဒိုင်လူကြီးဖြစ်သူက အ၀ါကတ်ပြား မကြာခဏပြ သတိပေးခံနေရတာကို တွေ.နေရပါတယ်။ မိနစ် ၈၀ မှာ ပြစ်ဒဏ်ဘောက တဆင့် တိုက်ရိုက် ကန်သွင်းရာမှာ ပြန်ထွက်လာတဲ့ ဘောလုံးကို အသုံး မချနိုင်ခဲ့တဲ့အတွက် ထိုင်းအသင်းအတွက် ဂိုးတစ်ဂိုး နစ်နာသွားခဲ့ပါတယ်။

၈၆ မိနစ်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘော ရရှိပြီး ဘီးကုတ် စက်ဝိုင်း အကျော်နားကနေ တိုက်ရိုက် ကန်သွင်းခွင့် ရရှိခဲ့ပါတယ်။ ဒီဂိုးကို ဂိုးပေါက်ထဲ ခေါင်းတိုက်သွင်းနိုင်ခဲ့ပေမယ် ဒိုင်လူကြီးက လူကျွံဘောအဖြစ် သတ်မှတ် ပေးခဲ့ပါတယ်။

ထိုင်းအသင်းက လူစားထိုး လဲပြီး ကစားကွက် ပြောင်းလဲကစားဖို. ပြင်ဆင်နေပါတယ်။

မိုးဖွဲတွေ ကြားမှာပဲ မြန်မာ့ လက်ရွေးစဉ် အသင်းဟာ အိမ်ရှင် ပရိသတ်ရဲ. အားပေးမှုကို ခံယူပြီး ထိုင်းအသင်းနဲ. သရေကျကာ တစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။
BBC Burmese