သူရိယနေ၀န်းဂျာနယ်ကို အရေးယူပေးရန် စာနယ်ဇင်းကောင်စီထံသို့ ပြန်ကြားရေး တိုင်စာ ပို့

ပို့စ်တင်ချိန် - 12/12/2013 10:15:00 PM

စာနယ်ဇင်းကျင့်ဝတ်ကို ချိုးဖောက်လျက်ရှိပြီး လက်ရှိ အစိုးရကို ထိခိုက်စေ သည့် အရေးအသားများ ပါဝင်နေသည့် သူရိယနေ၀န်း ဂျာနယ်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက အရေးယူ ရန် ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ စာတစောင် ပေးပို့ တောင်းဆိုလိုက်သည်။

သူရိယနေ၀န်းဂျာနယ်သည် အ၀ါရောင်စာပေဖြစ်ပြီး အမုန်းစကား များ ဖြစ်သည့်အတွက် လိုအပ်သလို အရေးယူရန် ဆောင်ရွက်ပေးပါရန် ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီထံသို့ စာပေးပို့ တောင်းဆိုခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဧရာဝတီ သတင်း Myanmar News