ရန်ကုန်ဆေးရုံကြီးတွင် တင်ထားရသော ဆရာဦးကျော်ထွန်းအောင် သတိမရ ဖြစ်နေ

ပို့စ်တင်ချိန် - 12/28/2013 07:45:00 PM


(နိရဉ္စရာ- ၂၈ ဒီဇင်ဘာ ၂၀၁၂)

ရခိုင်သမိုင်းသုတေသီ ရှေးဟောင်း သုတေသန ဌာန လက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဆရာ ဦးကျော်ထွန်းအောင်သည် ကျန်းမာရေး အခြေအနေဆိုးရွားနေသဖြင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် သတိမရဘဲ ဖြစ်နေသည်ဟု သိရသည်။

ရခိုင်-မြန်မာ ပဏ္ဍတိတ် ဆရာကြီး ဦးသာထွန်း၏ သားကြီး ဖြစ်သူ ဆရာဦးကျော်ထွန်းအောင်အား နှလုံးရောဂါကြောင့် ဆေးရုံကို တင်ခဲ့ရပြီး ယခုအခါ ရန်ကုန် ဆေးရုံကြီးတွင် သတိမရ ဖြစ်နေကြောင်း ဆရာ၏ ဇနီးဖြစ်သူက ပြောသည်။

“ အခုထိ သတိမရသေးဘူး။ ဆရာ အခြေအနေက စိုးရိမ်ရတယ်။ ကျွန်မကတော့ ရမှ ရပါ့မလားလို့ ထင်မိပါတယ်” ဟု ဆိုသည်။

ဆရာဦးကျော်ထွန်းအောင်တွင် နှလုံးရောဂါ အခံရှိပြီး ရုတ်တရက် နှလုံးထိခိုက်ခဲ့ပြီး ယခုအခါ ဥဏှောက်ကိုပါ ထိခိုက်သွားခဲ့သည်ဟု ဆိုသည်။

ဆရာအား ဆေးရုံတင်ထားရသည်မှာ (၇) ရက်ခန့်ရှိနေပြီး ဖြစ်ပြီး အခြေအနေမှာ အထူးဆိုးရွားနေသဖြင့် မိသားစုများက အထူး စိုးရိမ် ပူပန်နေကြသည်ဟု သိရသည်။
Burmesenews narinjara