မလေးရောက် အတိုက်ခိုက်ခံ မြန်မာလုပ်သားများအရေး အစိုးရနှင့် ပို့ဆောင်ခဲ့သည့် အေဂျင်စီ သွားရောက်ဖြေရှင်းမည်

ပို့စ်တင်ချိန် - 12/27/2013 01:51:00 PM


မလေးရှားနိုင်ငံ ဆာရာဝတ်ပြည်နယ်ရှိ သင်္ဘောတည်ဆောက်ရေးနှင့် ပြင်ဆင်ရေးကုမ္ပဏီတွင် အင်ဒိုနီး ရှားလုပ်သားများ၏ တိုက်ခိုက်ခြင်းကိုခံရသည့် မြန်မာအလုပ်သမားများအတွက် လုံခြုံရေး အပြည့်အ၀ တာဝန်ယူဆောင်ရွက်ထားပြီး အစိုးရတာဝန်ရှိသူများလည်း ယနေ့ သွားရောက်ဖြေရှင်းမည်ဖြစ်ကြောင်း အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုး ဒေါ်ခင်နွေဦးက မဇ္ဈိမကို ဒီဇင်ဘာ၂၆ ရက် တွင် ပြောသည်။

“မလေးရှားမှာရှိတဲ့ လေဘာသံအရာရှိ ဦးစိုးမင်းလည်း သွားပြီး ဖြေရှင်းပေးနေတယ်။ မနက်ဖြန် ဒီကတာ ၀န်ရှိသူနဲ့ ပို့ဆောင်ပေးခဲ့တဲ့ အေဂျင်စီဥက္ကဋ္ဌ သွားပြီး ဆက်ဖြေရှင်းပေးမယ်”ဟု ပြောသည်။

အဆိုပါ သင်္ဘောတည်ဆောက်ရေးစီမံကိန်းရှိ အင်ဒိုနီးရှားနိုင်ငံသားခုနစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံရသော မြန်မာအလုပ်သမား ၁၅ ဦးကို ယခင်ထားရှိသောအဆောင်နေရာမှ ပြောင်းရွှေ့ပေးထားပြီး မြန်မာအလုပ် သမားများကို လုံခြုံရေးများဖြင့် စောင့်ရှောက်ပေးထားသည်ဟု အဆိုပါလုပ်သားများကို ပို့ဆောင်ခဲ့သည့် အာဘာဖီးကုမ္ပဏီဥက္ကဋ္ဌ ဦးစိန်ဖေက ပြောသည်။

“အခု ဗီဇာသွားလုပ်နေတယ်၊ မနက်ဖြန် ရတဲ့လေယာဉ်နဲ့လိုက်သွားပြီး ဖြေရှင်းပေးမယ်။ ပြန်လာချင်တဲ့ သူပြန်လာ ရပါတယ်”ဟု ဦးစိန်ဖေက ပြောသည်။

မြန်မာအလုပ်သမား ၁၀၀ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံလုပ်သား၂၀၀၀န်းကျင်ရှိသည့် အဆိုပါကုမ္ပဏီတွင် ယနေ့ နောက်ဆုံးအချိန်ထိ အဆက်အသွယ်ရရှိချက်အရ မြန်မာအလုပ်သမားများကို တိုက်ခိုက်ခဲ့သော အင်းဒိုနီးရှားခုနစ်ဦးတွင် သုံးဦး ထွက်ပြေးတိမ်းရှောင်နေပြီး လေးဦးကို လုပ်ကိုင်ရမည့်နေရာကိုလည်း ပြောင်းရွှေ့ထားသည်ဟု ဦးစိန်ဖေက ပြောသည်။

လက်ရှိတွင် အဆိုပါကုမ္ပဏီ၌ ဆက်လက် လုပ်ကိုင်လိုသူ မြန်မာလုပ်သား ၆၀ ဦး စာရင်းပေးထားသော် လည်း အချို့မှာ စိုးရိမ်ကြောက်ရွံ့မှုများရှိလာကာ နေရပ်ပြန်လိုသူများ ရှိနေသည်ဟု ဆိုသည်။

“စာချုပ်သတ်တမ်းတော့ မပြည့်သေးဘူး၊ ဒါပေမဲ့ တချို့မြန်မာလုပ်သားများက နှစ်နှစ်ကျော်ပြီးဖြစ်တဲ့အ တွက် ကုမ္ပဏီကို လျော်ကြေးပေးစရာမလိုဘူး။ ကိုယ့်လေယာဉ်လက်မှတ်ဖြတ်ပြီး ပြန်လာလို့ရတယ်၊ တ ချို့ကတော့ လေးလလောက်ပဲရှိသေးတဲ့အတွက် ပြန်လာမယ်မထင်ဘူး။ အဲဒီကုမ္ပဏီကိုရောက်တာလေး လ၊ ငါးလသမားတွေ ပြန်လာမယ်ဆိုရင်လည်း လျော်ရမလား၊ ဘာလားဆိုတာ မသိသေးဘူး၊ သွားပြီး ညှိနှိုင်းတဲ့အချိန်ကျမှ အဖြေထွက်မယ်”ဟု ဦးစိန်ဖေက ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်တွင် မြန်မာအလုပ်သမား ၁၅ ဦးနှင့် အင်ဒိုးနီးရှားနိုင်ငံသား ခုနစ်ဦးဖြင့် သင်္ဘောတည် ဆောက်ရေးစီးမံကိန်းနေရာ လုပ်ကွက်(၂)တွင် ကုမ္ပဏီမှ သင်္ဘောအမြန်ပြီးနိုင်ရန် အချိန်ပိုဆင်းခိုင်း သောကြောင့် အင်းဒိုလုပ်သားများသည် ည ၇ နာရီအထိသာဆင်းပြီး မြန်မာလုပ်သားများက ည ၁၀နာရီ အထိ အချိန်ပိုဆင်းသည့်အတွက် အဆိုပါညတွင် ခဲများဖြင့် ပစ်ပေါက်ခြင်း၊ အပြင်တွင်လှမ်းထားသည့် အ၀တ်များကို မီးရှို့ခြင်းတို့ကြောင့် လုံခြုံရေးတာဝန်ယူထားသော နီပေါနိုင်ငံသားများက တားဆီးခဲ့ ကြောင်း ဦးစိန်ဖေထံသို့ မြန်မာအလုပ်သမားများက ဒီဇင်ဘာ ၂၃ ရက်တွင် ဖုန်းဆက်ပြီး ပြောသည်ဟု ဆိုသည်။

“နေ့ဘတ်တွက် ပြဿနာမရှိဘဲ ညဘက်မှသာလျှင် လာရောက်ပြီး လုပ်ကိုင်ခြင်းဖြစ်တယ်။ အခုတော့
မြန်မာတွေနေထိုင်တဲ့အဆောင်ကို ခြံစည်းရိုးခက်ပေးပြီး လုံခြုံရေးတာဝန်ယူ ဆောင်ရွက်နေတယ်”ဟု ဦးစိန်ဖေက ပြောသည်။
Mizzima Burmese