ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး လူဇင်ဘတ် ယူရို ၅ သန်း ကူညီမည်

ပို့စ်တင်ချိန် - 12/30/2013 03:09:00 PM


မြန်မာ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ကဏ္ဍ ၃ ခုတွင် လူဇင်ဘတ် နိုင်ငံက ယူရို ၅ သန်း တန်ဖိုးရှိ အကူအညီများနှင့် နည်းပညာ အထောက်အပံ့များ ပေးရန် စတင်နေပြီဖြစ်ကြောင်း ယနေ့ထုတ် မြန်မာတိုင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်း ကဏ္ဍ များမှာ ပြည်နယ် အစိုးရ၊ တိုင်းဒေသကြီး အစိုးရနှင့် ပတ်သက်သည့် ကဏ္ဍ၊ တက္ကသိုလ် ပညာရေးတွင် ခရီးသွားနှင့် ပတ်သက်သည့် ကဏ္ဍ၊ ပုဂ္ဂလိက ခရီးသွားလာရေး အခန်းကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်ရေး ကူညီမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ သတင်း