ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားအပေါ် ဒေသတွင်း နိုင်ငံများမှ ခေါင်းဆောင်များက ချီးကျူး

ပို့စ်တင်ချိန် - 12/13/2013 11:45:00 AM


 (၂၇) ကြိမ်မြောက် အရှေ့တောင် အာ ရှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြိုင် ပွဲဝင်ဒေသတွင်း နိုင်ငံများမှအ ဆင့်မြင့်အရာရှိကြီးများက မြန်မာ နိုင်ငံဖွင့်ပွဲအခမ်းအနား၏ ကြီး ကျယ်ခမ်းနား မှုအပေါ်ထုတ်ဖော် ချီးကျူးမှုများပြုလုပ်ခဲ့ကြကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆင့် မြင့်  အရာရှိကြီးတစ်ဦးက ပြောသည်။ ''ဒီပွဲကို အင်ဒိုနီးရှားက သူ တို့ဆီးဂိမ်းဖွင့်ပွဲထက် ပိုကောင်း တယ်လို့ ချီးကျူးသွားတယ်။ စင် ကာပူ ကတော့ တော်တော်လေး သဘောကျသွားတယ်။ လာမယ့် သူတို့ဆီးဂိမ်းအလှည့်ဖွင့်ပွဲမှာ ပို ကောင်းအောင် ဘယ်လိုစီမံရမလဲ ဆိုတာ စဉ်းစားရတော့မယ်လို့ ပြော သွားတယ်''ဟု အဆိုပါအဆင့်မြင့် အရာရှိကြီးက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာ သို့ ပြောသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး၊ လာအိုနိုင်ငံ သမ္မတမစ္စတာ ကျူမာလီဆိုင်ညဆွန်နှင့် ဇနီး၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး၊ ပြည်ထောင်စုလွှတ်တော် နာ ယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်း နှင့် ဇနီး၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဇနီး၊ တရုတ်နိုင်ငံမှ ဒုတိယဝန်ကြီး ချုပ်၊ ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီး ချုပ်၊ ဘရူနိုင်းနိုင်ငံမှ အိမ်ရှေ့မင်း သား၊ တရုတ်နှင့် အာဆီယံနိုင်ငံများ မှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  မြန်မာ နိုင်ငံ အစိုး ရ အဖွဲ့ဝင်ဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ကြူက ''နိုင်ငံတော်သမ္မတကြီး ပြောသလို We can Do  ကို မိမိ တို့လဲလုပ်နိုင်တယ်ဆိုတာ ပြသ ထားတယ်''ဟု ဖြေကြားထားပြီး ဖွင့်ပွဲအခမ်းအနားကျင်းပနေစဉ် တွင် မြန်မာနိုင်ငံ က လုပ်ပြ ထား သည်ကို နိုင်ငံတကာမှ တအံ့တဩ ဖြစ်ခဲ့ရသည်။

Yangon Media Group