အွန်လိုင်းမှာ ပျံ့နေတဲ့ ကိစ္စ ရုပ်ရှင်အစည်းအရုံး ရှင်းလင်းချက်ထုတ်ပြန်

ပို့စ်တင်ချိန် - 12/03/2013 02:42:00 PM


ဒီရက်ပိုင်း အတွင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကျော် အနုပညာရှင်တွေရဲ့ တချိန်က မူးရစ်ဆေးဝါး သုံးစွဲခဲ့ကြတယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေကြောင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ဒီကနေ့ နေ့စွဲနဲ့ စာထုတ်ပြီး ရှင်းလင်းချက် ထုတ်ပြန်လိုက်ပါတယ်။



အွန်လိုင်းပေါ်က အနုပညာရှင်တွေ မူးရစ်ဆေး သုံးစွဲမှု မှတ်တမ်းဆိုတာတွေ ပေါ်ထွက်ခဲ့အပြီး သက်ဆိုင်ရာ အနုပညာရှင်တချို့ကလည်း ဖေ့စ်ဘုတ်ပေါ်က ဖြေရှင်းမှုတွေရှိလာခဲ့တာတွေလဲရှိခဲ့ကြပါတယ်။

ဧရာဝတီ Myanmar News