ရခိုင်က ဟိန္ဒူတွေ နဂါးမင်း ပူဇော်မည်

ပို့စ်တင်ချိန် - 12/24/2013 03:58:00 PM


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မုစဲကျွန်းရှိ ဗုဒ္ဓပါခြေတော်ရာ၏ နမ္မဒါနဂါးမင်း ပူဇော်ပွဲအခမ်းအနားကို ရခိုင်ပြည်နယ်လုံးဆိုင်ရာ ဟိန္ဒူသာသနာ ရေးအဖွဲ့ မှ ကျင်းပပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

၎င်းပူဇော်ပွဲအား ပြည်တွင်း ပြည်ပ သာသနာပြု အလိုတော်ပြည့် ဆရာတော်ကြီး၏ ဦးဆောင်မူဖြင့် ၁၃၇၅-ခုနှစ် ပြာသိုလဆန်း ၁၂ ရက် (၂၀၁၄.ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်) တနင်္ဂနွေနေ့ နံနက် ၆း၀၀ နာရီ မှ ည ၈း၀၀ နာရီအထိ ကျင်းပ ပြုလုပ်မည်ဟု ဆိုသည်။

ယင်း ရသေ့တောင်မြို့နယ် ဗုဒ္ဓပါဒခြေတော်ရာတွင် ပြုလုပ်မည့် နမ္မဒါနဂါးမင်းပူဇော်ပွဲ အခမ်းအနားသို့ အများပြည်သူများအား တက်ရောက်ကြရန် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ဟိန္ဒူဗုဒ္ဓဘာသာအဖွဲ့မှ ဖိတ်ကြား ထားကြောင်း သတင်း ရရှိသည်။
Burmesenews narinjara