မြန်မာနိုင်ငံတွင် ၁၄ နှစ်အတွင်း ဒုတိယအကြိမ် အအေးဆုံးနှစ်တစ်နှစ်ဖြစ်

ပို့စ်တင်ချိန် - 12/22/2013 11:25:00 AM


ရန်ကုန် ၊ ၂၂-၁၂-၂၀၁၃

ယခုနှစ်ဒီဇင်ဘာ ၁၈ ရက် နှင့် ၁၉ ရက်များတွင် အအေးပို ခဲ့ပုံမှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဖြစ်ပေါ်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ က ချမ်းအေးပုံကို လိုက်မမီ ခဲ့သော်လည်း နောက်ပိုင်း ၁၄ နှစ်တာ ကာလအကြာ တွင် ဒုတိယ အကြိမ် အအေးဆုံးနှစ် ဖြစ်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး ထံမှ သိရသည်။

'' အခု ဒီမှာအေးတာ ခြောက်ရက် လောက်ရှိပြီ။ ၁၅ ရက်နေ့ ကနေစပြီး သိသိသာသာ အေးလာတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး မဟုတ်ဘူး။ ၁၈ ရက်နဲ့ ၁၉ ရက် တွေမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ အေးတယ်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ တုန်းက အေးတဲ့ တစ်နိုင်ငံလုံး စံချိန်ကိုတော့ မမီဘူး။ အနိမ့်ဆုံး အပူချိန် စံချိန်မှာ ၁၉၉၉ ခုနှစ်ကို မမီပေမဲ့ ဒီနှစ် ဒီဇင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်တုန်းက တိုင်းဒေသကြီးနဲ့ ပြည်နယ် သံးခုလောက် မှာတော့ အနိမ့်ဆုံး အပူချိန် စံချိန်တင် ခဲ့ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ဒီဇင်ဘာ ၂ဝ ရက်က နံနက်နှင့် ညအပူချိန် တိုင်းတာချက် များအရ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ၊ တနင်္သာရီတိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး ၊ ရန်ကုန်တိုင်း ဒေသကြီး ၊ ပဲခူးတိုင်း ဒေသကြီး ၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသများတွင် ညအပူချိန် လျော့ကျသွား ကြောင်း သိရသည်။
Myawady News